သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၃
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကာ တပ်ဖြန့်ခွဲပြီး စစ် ဆင်ရေးများ လုပ်ဆောင်လျက်ရှိကြောင်း ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူး တိုင်းစစ်ဌာနသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အခြေပြု ဖွဲ့စည်းထားသော ပြည်သူ့ကာ ကွယ် ရေးတပ်မတော် – PDF နည်းဗျူဟာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များ၊ ပြည် သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြင့် စုဖွဲ့ထားသည့် တိုင်းစစ်ဌာနတခုဖြစ်ပြီး တိုင်းစစ်ဌာနအဖွဲ့ဝင် များအဖြစ် တိုင်းကွပ်ကဲရေးမှူး၊ ဒု-ကွပ်ကဲရေးမှူး၊ စစ်ဆင်ရေးအရာရှိ၊ စစ်ရေး အရာရှိ၊ စစ်ထောက် အရာရှိ၊ စစ်ထောက်လှမ်းရေးအရာရှိ၊ ပြည်သူ့လုံခြုံရေးအရာရှိ၊ ရုံးအဖွဲ့မှူး၊ နည်း ဗျူဟာမှုး (၅) ဦး ဖြင့် စနစ်တကျ ဖွဲ့စည်းထားကာ စစ်ဆင်ရေးနယ်မြေအတွင်း တပ်များနှင့်အနီးကပ် ဆုံး ကွပ်ကဲစီမံ အုပ်ချုပ်လျက်ရှိကြောင်း အသိပေးထားသည်။
စစ်ရေးလှုပ်ရှားမှုများအနေဖြင့် KNU/KNLA တပ်များနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရေး – ထားဝယ်ဒေသများအပြင် ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့်ပါ ပူးပေါင်း၍ ပဲခူးတိုင်း အတွင်းရှိ နယ်မြေတချို့တွင် စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အထူးတိုင်းစစ်ဌာနဖွဲ့စည်းမှုအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တပ် ပြောင်းရွှေ့လုပ်ငန်းများ၊ စစ်ဆင်ရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကြောင့် ယခု အချိန်ရောက်မှသာ ပြည်သူလူထုထံသို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
အထူးတိုင်းစစ်ဌာနကို တောင်ပိုင်းတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇၊ စုစုပေါင်း နည်းဗျူဟာ (၅) ခုဖြင့် စုဖွဲ့ထားပြီး တိုင်းစစ်ဌာနကွပ်ကဲမှုအောက်တွင် တပ်ရင်း (၁၁) ရင်းရှိကြောင်း သိရသည်။
ယင်းတပ်ရင်းများမှာ အမှတ် ၇၈၀၁ တပ်ရင်း၊ အမှတ် ၇၈၀၂ တပ်ရင်း၊ အမှတ် ၇၈၀၄ တပ်ရင်း၊ အ မှတ် ၇၈၀၅ တပ်ရင်း၊ ကော်ဘရာတပ်ရင်း (စစ်ကြောင်း ၁/၂) ၊ ကျားသစ်နက်တပ်ရင်း၊ ဒေါနတပ်ရင်း (စစ်ကြောင်း ၁/၂/၃) ၊ တောင်ညိုတပ်ရင်း၊ Southern Eagle တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ SOG တပ် ရင်း တို့ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ဒရုန်းလက်ရုံး အထူးတပ်ဖွဲ့ (၄) ဖွဲ့ ရှိပြီး 1801 ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့ နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ့ တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ တပ် ရင်းအတည်ပြုကုတ် မကျသေးပဲ (စိစစ်ဆဲ) PDF တပ်ရင်း ၃ ရင်း နှင့် ဒရုန်းတပ်ဖွဲ့ (၂) ဖွဲ့ ရှိနေသေး ပြီး ပကဖများအနေဖြင့် မွန် ပကဖ၊ ရန်ကုန် ပကဖ၊ ပဲခူးခရိုင်ပက တို့လည်း တိုင်းစစ်ဌာန၏ စစ်ဆင် ရေးကွပ်ကဲမှုအောက်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော SPECIAL OPERATIONS FORCES – SOF သည် အမှတ် (၁) စစ်ဆင်ရေးမှူး ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း တပ်များဖြန့်ကျက်အထိုင်ချကာ အထူးတိုင်း စစ်ဌာနနှင့်အတူ စစ်ဆင်ရေးများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media