PDF News

PDF News

“ထောက်ပံ့ကူညီ မြေပြင်ဆီသို့” ကမ်ပိန်းကို ပါဝင်အားဖြည့်ပေးကြပါရန် MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ တိုက်တွန်း (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၁

 

CDM နိုင်ငံဝန်ထမ်းများနှင့် ရှေ့တန်းတိုက်ပွဲဝင် ရဲဘော်များကိုကူညီထောက်ပံ့ပေးမည့် “ထောက်ပံ့ ကူညီ မြေပြင်ဆီသို့” ကမ်ပိန်းကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မေတ္တာရပ်ခံတိုက်တွန်းလိုက်ကြောင်း သိရသည်။

 

ဇူလိုင်လ ၅ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ “ထောက်ပံ့ကူညီ မြေပြင်ဆီသို့ ကမ်ပိန်းကို ပြု လုပ်သွားမည်ဖြစ်ပြီး ယင်းမှ ရရှိလာသည့် ငွေကြေးများကို ဒို့အရေးချန်နယ်မှတဆင့် CDM ဝန်ထမ်း သူရဲကောင်းများကိုလည်းကောင်း၊ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း – Pale People’s Defence Force အဖွဲ့မှ ရှေ့တန်းရောက်ရဲဘော်များထံ သို့လည်းကောင်း ထောက်ပံ့ကူညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့အမကြီး မရွှေဂျူးဦးဆောင်လုပ်နေတဲ့ ကမ်ပိန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်၊ CDM သူရဲကောင်းတွေနဲ့ မြေပြင်မှာရှိတဲ့ ရဲဘော်တွေ ကို‌ ထောက်ပံ့ကူညီပေးဖို့ ခေါ်ယူထားတဲ့ ကမ်ပိန်း လေး ဖြစ်ပါတယ်၊ ဒီကမ်ပိန်းလေးနဲ့ပတ်သက်လို့ ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ ထောက်ခံပါတယ်၊ အသိအမှတ်လည်း ပြုပါတယ်။” MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ပါဝင်အားဖြည့်ပေးမည့် မိဘပြည်သူများအနေဖြင့် –

 

https://www.facebook.com/shwe.jue.224762

 

သို့မဟုတ်

 

https://www.facebook.com/profile.php?id=100078080872960

 

တို့မှ တဆင့် မြန်မာငွေဖြင့် ၁ သောင်းကျပ်၊ ထိုင်း ဘတ်ငွေ ၁၀၀ ဘတ်၊ မလေးရှား ရင်းဂစ် ၂၀ ၊စင်္ကာ ပူ ဒေါ်လာ ၅ ဒေါ်လာ၊ US ဒေါ်လာ ၅ ဒေါ်လာ ဖြင့် ပါဝင်ကူညီနိုင်ကြောင်း အသိပေးထားသည်။

 

ပါဝင်အားဖြည့်သူ မိဘပြည်သူများကို ကျေးဇူတုန့်ပြန်သည့်အနေဖြင့် ပထမဆု ရွှေ ၁ ကျပ်သား ၊ ဒုတိ ယ ဆု ရွှေ ၁ မတ်သား၊ တတိယဆု OPPO – A5 အမျိုးအစား ဖုန်းနှင့် နှစ်သိမ့်ဆု အဖြစ် ကျပ် ၁ သိန်း ဆု ၅ ဆုကို မဲဖောက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး၊ အရာရှိနေအိမ်နှင့်လူပျိုဆောင်ဘားတိုက်မီးလောင် ပျက်စီး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar – BWM က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက် နံနက် ၁၀...