စစ်ကောင်စီက သွေးအေး၊ သွေးကြောင်၊ သွေးကွဲ စသည့် စည်း ၃ စည်းဖြင့် တော်လှန်ရေး အရှိန်ကို လျော့ချခဲ့ပြီး နောက်ဆုံးကို ကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဟု အမှတ် ၂ စစ်ဆင် ရေးမှူး ရဲဘော်တင်ဦးက ပြောဆို
သံလွင်မြန်မာသတင်း
ဇွန်လ ၂
စစ်ကောင်စီက သွေးအေး၊ သွေးကြောင်၊ သွေးကွဲ စသည့် စည်း ၃ စည်းဖြင့် တော်လှန်ရေး အရှိန်ကို လျော့ချခဲ့ပြီး နောက်ဆုံးကို ကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဟု အမှတ် ၂ စစ်ဆင် ရေးမှူး ရဲဘော်တင်ဦးက ပြောကြားသည်။
စစ်အာဏာရှင် အဆက်ဆက်သည် တော်လှန်ရေးအရှိန်အဟုန်ကို လျော့ချနိုင်ရန် ကောလဟလ ထုတ်လွင့်ခြင်း၊ အချိန်ဆွဲခြင်း၊ မျှော်လင့်ချက်အမှားများပေးခြင်းတို့ဖြင့် သွေးအေးသွားစေရန် ပထမ စည်းဖြင့် ဖြိုခွဲခဲ့ကြောင်း၊ ဒုတိယအနေဖြင့် တော်လှန်ရေးသများ၊ ပြည်သူများ ကြောက်ရွံ့သွားစေရန် ရက်ရက်စက်စက်သတ်ဖြတ်ခြင်း ၊ မီးရှို့ခြင်းတို့ဖြင့် ဒုတိယစည်းအဖြစ်အသုံးပြုကာ တော်လှန်ရေး အရှိန်အဟုန်ကို လျှော့ချနိုင်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။
“အဲဒီစည်းသုံးစည်းက ဘာလဲဆိုတော့ ပထမက သွေးအေးစေမယ့်စည်း၊ အာဏာရှင်က ကျနော်တို့ သွေးအေးသွားအောင် အမျိုးမျိုး အချိန်ဆွဲခဲ့တယ်။ အမျိုးမျိုး ကောလာဟလတွေလုပ်ခဲ့တယ်။ အမျိုး မျိုး မျော်လင့်ချက်အမှားတွေ ပေးခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေက သွေးမအေးဘူး။ သွေးအေးစေမယ့် စည်းကို ကျနော်တို့ ကျော်ခဲ့ပြီ။နောက်တခုက စည်းတစည်းထပ်တားတယ်။ ဒုတိယစည်း။ သွေး ကြောင် စေတဲ့စည်း ။ ပြည်သူတွေ ကြောက်သွားအောင် တော်လှန်ရေးသမားတွေ ကြောက်သွား အောင် ရက်ရက်စက်စက် လုပ်ပြတယ်” ဟု အမှတ် ၂ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြား သည်။
တော်လှန်ရေးမှာ ကြမ်းတမ်းမည်ကို အားလုံးသိထားပြီးဖြစ်ပြီး တော်လှန်ရေးသမားများကို စစ် ကောင်စီ က စစ်ကြောရေးစခန်းများ၊ စစ်မြေပြင်များ၌ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ဖြင့် ပြည်သူနှင့် တော်လှန်ရေးဘက်တော်သားများ အကြား အကြောက် တရား ရိုက်သွင်းမှုရှိခဲ့သည်ဟု ဆိုသည်။
“သူတို့ကို ကြောက်သွားအောင် ရက်ရက်စက်စက်လုပ်ပြတယ်။ ဒါပေမဲ့လည်း ကျနော်တို့ ပြည်သူ တွေနဲ့ တော်လှန်ရေးသမားတွေအားလုံးကရော အဲဒီသွေးမကြောင်ဘဲနဲ့ အဲဒီ ဟာတွေက နာကြည်း မှုတွေ ခွန်အားတွေဖြစ်ပြီးတော့ရှေ့ဆက်တိုးခဲ့တယ်။ဒီစည်းကိုလည်း ကျနော်တို့ ကျော်နိုင်ခဲ့ပြီ”ဟု ရဲဘော်တင်ဦးကပြောဆိုသည်။
နောက်ဆုံးကျန်နေသည့် စည်းမှာသွေးကွဲစေသည့် စည်းဖြစ်ပြီး အာဏာရှင် အဆက်ဆက် ကျင့်သုံး အောင်မြင်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ပါ တော်လှန်ရေး အောင်မြင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
” ကျနော်တို့ တော်လှန်ရေး သမိုင်းကြောင်းပဲ ပြန်ကြည့်ကြည့် အဖွဲ့အစည်းသမိုင်းကြောင်းတွေပဲ ပြန်ကြည့်ကြည့် ပန်းတိုင်ရောက်ခါနီးမှ ကိုယ့်အချင်းချင်း ကွဲလို့ အာဏာရှင်ကို အရှုံးပေးလိုက်ရတဲ့ သာဓကတွေအများကြီးရှိတယ်။ ဒါကြောင့်မို့ အခုကျနော်တို့က နောက်ဆုံးစည်းကိုရောက်ပြီ။ သွေး ကွဲစေမယ့်စည်း။ ကျနော်တို့ အချင်းချင်းကြား၊ အထက်နဲ့အောက်ကြား၊ အဖွဲ့အစည်းအချင်းချင်း ကြား။ ဘယ်နေရာလေး ဟသွားမလဲ၊ ဘယ်နေရာလေးအက်ကြောင်းထင်သွားမလဲ သွေးခွဲတယ်။ သွေးကွဲအောင်လုပ်တယ်။ ကျနော်တို့ သွေးမကွဲရင် ဒီပွဲနိုင်ပြီ။” ဟု ရဲဘော်တင်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတဝန်းစစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေပြီဖြစ်ပြီး နောက်ဆုံးစည်းဖြစ် သည့် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ၊ အဖွဲ့အစည်းအတွင်း ရဲဘော် ရဲဘက်အချင်းချင်း အကြား ညီညွတ်မှုပျက်ပြားစေရန် သွေးကွဲနည်မျိုးစုံအသုံးပြုကာ ကြိုးစားလာကြောင်း တွေ့ရှိရ သည်။
“ကျနော်တို့ ညီညွတ်ကြဖို့လိုတယ်။ ကျနော်တို့ ရဲဘော်တွေဘာတွေမှာချင်လဲဆို ကျနော်တို့ ညီညွတ် ကြဖို့လိုတယ်။ ကျနော်တို့ အချင်းချင်း ၊ အဖွဲ့အစည်းအချင်းချင်း တော်လှန်ရေးသမား အချင်းချင်း ညီညွတ်ကြဖို့လိုတယ်။ ပန်းတိုင်ကို အတူတူရောက်အောင် သွားကြမယ်။ ကျနော့်ရဲဘော်တွေ အဲဒါ လေး ပြောချင်ပါတယ်။” ဟု အမှတ် ၂ စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူးက တော်လှန်ရေး ရဲဘော်၊ ရဲဘက်များကို တွန်းပြောကြားသည်။
Thanlwin Myanmar Media