PDF News

PDF News

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့ လွတ်လပ်ရေးတပ်တော် (PIO/PIA) ‌တို့ စစ်ရေး၊ နိုင်ငံရေးများ ပူးပေါင်းဆောင်ရွက်မည်

 

သံလွင်မြန်မာသတင်း

မေလ ၂၀

 

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့ လွတ် လပ်ရေးတပ်တော် (PIO/PIA) ‌တို့ စစ်ရေး၊ နိုင်ငံရေးများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

မေလ ၁၅ ရက်နေ့က ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ ဗဟိုကော်မတီဝင်များ ဦး‌ဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) မှ ဗဟိုကော်မတီဝင်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့၏ ပထဆုံးအကြိမ် တွေ့ ဆုံမှုကို အွန်လိုင်းမှ တဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံပြီး နှစ်ဖက်အဖွဲ့အစည်း၏ နိုင်ငံရေး မူဝါဒ၊ စစ်ရေး မူဝါဒတို့ အပါအဝင် စစ်ရေးလှုပ်ရှား ဆောင်ရွက်နေမှုများကို အပြန်အလှန် မျှဝေဆွေးနွေးခြင်း ၊ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေ များ သုံးသပ် ဆွေးနွေးခြင်း ၊ ရှေ့ဆက်လုပ်ဆောင်မည့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခြင်းများကို ပွင့်လင်းရင်းနှီးစွာ သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆွေးနွေးပြီးနောက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး (စစ်သုံးစစ် တိုက်ဖျက်ရေး) အတွက် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ အခြေစိုက်နယ်မြေနှင့် လှုပ်ရှားနယ်မြေများ ကွဲပြားသော်လည်း ပူးပေါင်းလုပ်ဆောင်နိုင်သည့် စစ်ရေး ကိစ္စရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် တော်လှန်ရေးကိစ္စရပ်များတွင် နီးကပ်စွာ လက်တွဲပူးပေါင်းပြီး အပြန်အလှန် ကူညီရိုင်းပင်းသွားကြရန် သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာတိုက်ပွဲမှထွက်ပြေးသည့် ခလရ ၁၀၃ တပ်ရင်းမှူးနှင့် ရဲ တပ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်လာသူအများအပြားရှိ   သံလွင်မြန်မာသတင်း မေလ ၂၀   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးသွားသည့် ခလရ ၁၀၃ မှ...