PDF News

PDF News

ရှေ့တန်းတိုက်ပွဲရဲဘော်များ အသက်လုံခြုံရေးအတွက် Southern YSO PDF တပ်ဖွဲ့ဝင် ရဲဘော် ၃၀ ဦးကို ကျည်ကာတပ်ဆင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၂

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် Southern YSO PDF မှ ရှေ့တန်းရဲဘော်များ၏ အသက် အန္တရာယ် လုံခြုံရေးအတွက် တိုက်ပွဲဝင် ရဲဘော် ၃၀ ဦးကို ကျည်ကာဝတ်စုံများ တပ်ဆင်ပေး နိုင်ခဲ့ကြောင်း တပ်ဖွဲ့တာဝန်ကို အောင်မောင်းက ပြောကြားသည်။

 

ထိုသို့ ကျည်ကာဝတ်စုံတပ်ဆင်ပေးမှုတွင် ကျပ် သိန်း ၆၀၀ ထိ ကုန်ကျခဲ့ပြီး မိဘပြည်သူလူထုမှ ကျပ်သိန်း ၂၅၀ ပါဝင်လှူဒါန်းပေးခဲ့ကာ လိုအပ်သည့်ငွေကျပ် သိန်း ၆၅၀ ကို အတိုးဖြင့်ချေးငှား၍ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Southern YSO PDF တပ်ဖွဲ့သည် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်ကို Local PDF တပ်ဖွဲ့အဖြစ် ရပ်တည်ကာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုအခါ “နတ်မိကျောင်း စစ်ဆင်ရေး” စစ်ဆင်ရေးဆင်နွှဲနေသောကြောင့် ရဲဘော်များတွင် ကျည်ကာဝတ်စုံ လိုအပ် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရှိမျှငွေကြေးဖြင့် စစ်ကြောင်း (၁) ရဲဘော် ၃၀ ဦးကို တပ်ဆင် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နတ်မိကျောင်း စစ်ဆင်ရေး ရဲဘော် ၃၀ ဦးကို ၊ ကျည်ကာ ဦးထုတ် ၊ Level 6 ကျည်ကာပြား အစုံ ၊ အီကွေးမန့် ၊ စစ်ဖိနပ်တို့ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အာဏာရှင်တော်လှန်ရေးလုပ်ငန်းစဉ်မှာ အလုပ်လုပ်ချင်လွန်းတဲ့ စိတ်ဓာတ်အပြည့်အဝရှိတဲ့ ရှေ့ တန်း ရဲဘော်တွေရဲ့ အသက်လုံခြုံရေးအတွက် မပြည့်စုံတဲ့ကြားကနေ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပါတယ်၊ Southern YSO PDF ဆိုတာ အကူအညီတောင်းခံရင်တောင် မင်းတို့က Mod အောက် အဖွဲမဟုတ်လို့ Local PDF အဖွဲ့မို့ ဆိုပြီး ငြင်းပယ်ခံရတဲ့ မျက်နှာမွဲ local PDF ပါ။ ကြိုးစားမှုကို မြင်အောင်ကြည့် ပေးကြပါဗျာ။ ကြိုးစားခဲ့တဲ့ ရလာဘ်တွေကိုလဲ ကြည့်ပေးကြပါဗျာ။ အညှီအနောက် ကင်းကင်းခံယူ ချက်ပြင်းပြင်း နဲ့ ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

 

Southern YSO PDF တပ်ဖွဲ့အနေဖြင့်တော်လှန်ရေးကာလအတွင်း ရဲဘော် ၉ ဦးကျဆုံးထားပြီး ကိုယ် လက်အင်္ဂါစွန့်လွှတ်ရသည့်ရဲဘော်များလည်းရှိကြောင်း၊ ထို့ကြောင့် ရဲတန်းတိုက်ပွဲဝင်ရဲဘော်များ၏ အသက်လုံခြုံရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေး ကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...