PDF News

PDF News

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောနေပြည်တော်မှ စစ်ကောင်စီအကြီးအကဲများ ရုံးထိုင်ကာ တစ် နိုင်ငံလုံး အနှံ့ စစ်ဆင်ရေးကို ကွက်ကဲနေသည့် တော်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃၀

 

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နေပြည်တော်မှ စစ်ကောင်စီအကြီးအကဲများ ရုံးထိုင်ကာ တစ်နိုင်ငံအနှံ့စစ်ဆင်ရေးကို ကွက်ကဲနသည့် တောင်ငူမြို့အခြေစိုက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့်အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း BWM အဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၃၀ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၇ မိနစ်က အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် -တပခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံး စလုံး အောင်မြင်စွာပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါ စစ်ရှုံးကောင်စီ၏တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိတော်လှန်ရေး အင်အားစုများနှင့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ရာတွင် အဓိက အမိန့်ပေးကွပ်ကဲ နေသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သည့်အပြင် ငလျင်ဒဏ်ကြောင့် ဌာနဆိုင်ရာအဆောက်အုံများပြိုလဲ ပျက်စီးသွားသော နေပြည်တော် စစ်ကောင်စီ စစ်ရုံးချုပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံးတို့မှ စစ်ကောင်စီအကြီးအကဲများသွားရောက်ရုံးထိုင်၍ တစ်တိုင်းပြည်လုံးကို ဒုက္ခပေးရန်အမိန့်ပေးကွပ်ကဲ နေသော စစ်ဌာနချုပ်လည်းဖြစ်နေကြောင်း သတင်းရရှိသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ BWM Mission 35 အဖြစ် ဖော် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်အာဏာသိမ်းပြီးကာလတလျှောက် စစ်ကောင်စီတပ်၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ပြည်သူများ တလျှောက်လုံး ခံစား ကြုံတွေ့ခဲ့ရသော မလုံခြုံမှုကို စစ်ကောင်စီအကြီးအကဲများ ကိုယ်တိုင် ခံစားစေ ပြီး ပြေးစရာမြေမရှိဖြစ်စေရန် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...