PDF News

PDF News

တောင်ညိုတပ်ရင်းအနေဖြင့် ၃ နှစ်အတွင်း တိုက်ပွဲ ၆၇ ကြိမ်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၅၈ ဦးချေမှုန်းနိုင်ခဲ့ပြီး စစ်ကား ၂၉ စီးကို ဖျက်ဆီးနိုင်ခဲ့

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အခြေစိုက် တောင်ညိုစစ်ကြောင်းအနေဖြင့် ၃ နှစ်အတွင်း တိုက်ပွဲ ပေါင်း ၆၇ ကြိမ်ဖော်ဆောင်နိုင်ခဲ့ကာ စစ်သား ၂၅၈ ဦးချေမှုန်းနိုင်ခဲ့ပြီး စစ်ကား ၂၉ ဦးကို ဖျက်ဆီးနိုင် ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁ ရက်နေ့တွင် တောင်ညို တပ်ရင်း ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၃ နှစ်ပြည့် ပြီဖြစ်ကြောင်း ၊ ထို့ကြောင့် ယင်းနေ့တွင် တပ်ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကာ အမိန့်နာခံမှုနှင့်စည်းကမ်းကောင်းမွန်သော ရဲဘော်များဆုပေးခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

တပ်ရင်းတည်ထောင်ပြီး ၃ နှစ်တာကာလအတွင်း ပျောက်ကြားတိုက်ပွဲ ၆၇ ကြိမ်ထက်မနည်း ဖော် ဆောင်နိုင်ခဲ့ပြီး ယင်းတိုက်ပွဲများ၌ ရန်သူစစ်ကောင်စီတပ်သား ၂၅၈ ဦး သေဆုံးကာ ၂၃၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ရန်သူစစ်ကား ၂၉ စီးပျက်စီးခဲ့ကြောင်း နှင့် တောင်ညိုစစ်ကြောင်းမှ ကျဆုံး ရဲဘော် ၆ ဦးရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်တိုက်ပွဲသို့ ပို့ဆောင်သည့် စစ်ကူစစ်ကြောင်းမှ စစ်ကြောင်းမှူး မိုင်းထိထားပြီး စစ်သား ၁ ဦးသေဆုံးကာ ဟိုတစ်စု၊ ဒီတစ်စု ဖြင့် တပ်ပျက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ ပို့ဆောင်သည့် စစ်ကြောင်းမှ စစ်ကြောင်းမှူး...