PDF News

PDF News

တောင်ပိုင်းစစ်ဒေသ၌ ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း ၄၅ ကြိမ်ဖြစ်ပြီး စစ်သား ၁၅၇ ဦးသေဆုံး၊ စစ်တပ်ကလက်နက်ကြီး၊ လေကြောာင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၆ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၈

 

ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေ၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲ ပေါင်း ၄၅ ကြိမ်ဖြစ်ပြီး စစ်သား ၁၅၇ ဦးသေဆုံးကာ စစ်တပ်ကလက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေ၌ စစ်ကောင်စီ တပ် အထိုင်ချစခန်းတည်ထားသော ညောင်‌လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းကျေးရွာ၊ ဆွဲဒလကျောင်း ကြီး ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းအပါအဝင် စစ်ကောင်စီ တပ်နှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၅) ကြိမ်၊ စစ်ကောင်စီ၏ စစ်ကြောင်းများကို မိုင်း ခွဲခြင်း၊ တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (၂၆) ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား (၁၅၇) ဦး သေဆုံးပြီး (၉၈) ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသူ (၂၃) ဦးရှိပြီး ၎င်းတို့ အား နွေးထွေးစွာ ကြိုဆို၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း သိရသည်။

 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ စက်လက် (၁)လက်၊ စနိုက်ပါ (၁)လက်၊ ၈၀မမ (၁)လက်၊ ၆၀ မမ (၂) လက်၊ ၅၀ မမ (၁) လက်၊ လက်နက်ငယ်အစုံ (၅၂) လက်၊ ကျည်ဘောက်အစုံ (၅၁)ခု၊ ကျည်အနည်းငယ်နှင့် အခြား စစ်ဘက်အသုံးအဆောင် ပစ္စည်းအချို့တို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်နှင့်အထက် ပြုလုပ်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့်လည်း ကြိမ်ဖန်များစွာ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် တလအတွင်း အပြစ်မဲ့ပြည်သူ (၁၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက် ဒဏ် ရာရသူ (၂၂) ဦးရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ ၂၈ ဦးကို  မတရား ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ် ရင်း တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ LDF များ၊ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ် ပါတီ အာဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်တပ်ပေါင်းစုနှင့် အခြားပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုပြုစုရရှိထားသော အချက်အလက်များသည် မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်လှပ်ထားသောကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးဦးရေမှာ ယခုထုတ်ပြန်သော အချက်အလက်ထက် များပြားနိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...