PDF News

PDF News

အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သား၊ ပျူများကို ဝင် ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

 

D Day News

မတ်လ ၃၀

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းကျေးရွာ ဘုန်းကြီး ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၃ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာ ဘုန်းတော်ကြီး ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ မှ ၄၀ မမ၊ ၆၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃၅ မိနစ်ခန့် အပြန်အ လှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ ၁၀ ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာ ရရှိ သူများလည်း ရှိကြောင်း သိရသည်။

 

ထို့သို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာ စစ်တပ်စခန်းမှ လက်ကြီး များဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF နှင့် MNO PDF ရိုးမညီနောင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ရိုးမညီနောင်မဟာမိတ်တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို နေရာမရွေး၊ အချိန်မရွေး တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်သား၊ ရဲ၊ ပျူ များနှင့် ပေါင်းသင်သွားလာခြင်းမပြုလုပ်ကြရန် အသိပေးမေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...