PDF News

PDF News

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သား ၁၂ ဦးကို ယောဗျူဟာတပ်ဖွဲ့က ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးကို အမှတ် ၈၁ ယောဗျူဟာအဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၁ ရက်နေ့က မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းကို ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်သား ၁၂ ဦးနှင့်မိသားစုဝင်များသည် ထွက်ပြေးလာ ခဲ့ခြင်းဖြစ်ပြီး ဗျူဟာ ၈၁ -ယောဗျူဟာ စစ်ကြောင်းမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းမိသူများမှာ ဒုတပ်ကြပ် သန့်ဇင်ထွန်း နှင့် အောင်မျိုးထွန်း၊ တက ဆန်းဦး၊ တသ ကျော်ဇင်လတ်၊ ခိုင်မင်းအောင်နှင့် ဝင်းနိုင်စိုး၊ ထက်နေဝင်း၊ သန့်ဇင်ထူး၊ ဇော်မျိုးလှိုင်၊ ဇော်မျိုးထက်၊ လီဂျေ မစန္ဒာ ဝင်း (မှီခို) နှင့် ကလေးဖြစ်သူ ဖြစ်ကြောင်း သိရသည်။

 

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၁၅၀) မှ (၁၆၀) ဦး ခန့် အား ဖမ်းဆီးရခဲ့သည့်အပြင် ၁၂၂ မမ ဟာဝေဇာ လက်နက်ကြီး (122 mm Howitzer) အပါ အ ဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ၊ထို့ပြင် စစ်ကောင်စီမှ မတရား ဖမ်းဆီး ထောင်ချထားသောနိုင်ငံရေးအကျဉ်းသား (၁၃) ဦးအား ကယ် ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် ယောဒေသတော်လှန်ရေးတပ် Yaw Defence Force YDF ၊ Yaw Army (YA) နှင့် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...