PDF News

PDF News

တောင်ပိုင်းစစ်ဒေသနယ်မြေတစ်တွင် တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပြီး စစ်သား ၂၉ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၂

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တပတ်အတွင်း တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာလ ၁၄ ရက်ကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကြောင်းတွေကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

 

အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှု ၂၁ ကြိမ်၊ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၈ ကြိမ်နဲ့ စခန်းသိမ်းတိုက်ပွဲ ၂ ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၂၉ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေကိုင်ဆောင်အသုံးပြုုတဲ့ MA အမျိုးအစား သေတ် ၇ လက်၊ G3 အမျိုးအစားသေနတ် ၂ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ကျည်ဘောက်စုံ ၁၆ ခုနဲ့ ခဲယမ်းစုစုပေါင်း ၁,၂၇၀ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

 

တိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦး တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမို ကရေစီ စနစ်အတွက် အသက်ပေးလှူခဲ့ရသလို ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒရုန်းတစ်စီးလည်း ပျက်စီးခဲ့တယ်လို့ တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရာမမွန်တပ်တော် - RMA ကထုတ်ပြန်သည်။ ဩဂုတ်လ ၂၂ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က အင်အား ၁၀၀...