PDF News

PDF News

ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် – BPLA အနေဖြင့် မကြာမီကာလအတွင်း အညာဒေသ၌ အခြေချကာ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်မည်

 

D Day News

အောက်တိုဘာလ ၂၇

 

ကရင်ပြည်နယ်တွင် အခြေစိုက်သန္ဓေတည်ပေါက်ဖွားလာပြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတို့တွင် ပါဝင်ဆင်နွှဲခဲ့သော ဗမာအမျိုးသားလွတ်လွတ်မြောက်ရေးတပ်တော် – BPLA မကြာမီကာလအတွင်း အညာဒေသ၌ အခြေချကာ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်သွာ မည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့အောက်တိုဘာလ ၂၇ ရက် ညပိုင်း ဗမာအမျိုုးသားလွတ်မြောက်ရေးတပ်တော် – BPLA ခေါင်း ဆောင် မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ယက်မှ တဆင့်အသိပေးလာခြင်းဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့သည် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပြီး ညီနောင်မဟာ မိတ် ၃ ဖွဲ့၏ ဦးဆောင်မှုအောက်၌ နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုးတက်ဖြစ်ထွန်းခဲ့လာပြီးယင်း ကျေးဇူးကို ဘယ်သောအခါမှ မေ့မည်မဟုတ်ကြောင်း၊ BPLA အနေဖြင့် မကြာမီအချိန်အတွင်း အညာ ဒေသ၌ အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း အသိပေးထား ခြင်း ဖြစ်သည်။

 

“ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ဦးဆောင်မှု အောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေး ဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာ ခင် အညာမှာ အခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာ လူထုက လည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။” ဟု BPLA တပ်ဖွဲ့ခေါင်းဆောင် မောင်ဆောင်းခ က ပြောဆိုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...