PDF News

PDF News

တောင်ပိုင်းစစ်ဒေသနယ်မြေ၌ ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော် ကြိမ်ဖော်ဆောင်ခဲ့ရာ စစ်သား ၂၂၅ ဦးသေဆုံး၊စစ်တပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၂၅ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၁၄

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေ၌ ဩဂုတ် လအတွင်း တိုက်ပွဲပေါင်း ၁၇၀‌ ကျော် ကြိမ်ဖော်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၂၂၅ ဦး သေ ဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်သည်။

 

သြဂုတ်လအတွင်း ထားဝယ်မြို့၌ နယ်စပ်ရေးရာဝန်ကြီး ကားတန်းအား တိုက်ခိုက်မှု၊ တောင်ငူ လေ တပ်စခန်း ဌာနချုပ်အား “Rain of Fire” စစ်ဆင်ရေး အမည်ဖြင့် တိုက်ခိုက်ခဲ့မှု အပါအဝင် အာဏာ သိမ်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း (၇၇)ကြိမ်၊ အကြမ်းဖက်စစ်ကောင်စီတပ်များ အထိုင်ချ တပ်စွဲထားသည့် စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု ၇၆ ကြိမ်နှင့် အထက်၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၇ ကြိမ်နှင့် အထက်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၃ ကြိမ် နှင့်အထက်၊ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသူ ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု (၅)ကြိမ်အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၅ ဦး သေဆုံးကာ ၁၇၄ ဦး ဒဏ်ရာရရှိခဲ့ ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၈ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဒရုန်း ၁ စီး ဗုံးသီး ၃ လုံး၊ အခြားစစ်ဆင်ရေးများ တွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ခိုးယူလာသော ငွေသား၊ ဖုန်းများကိုလည်း တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ် ၊ ဆား ချောင်းကျေးရွာ အနီးတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးဒရုန်းတစီးကို ပူးပေါင်း တပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ ၊ LDF များ၊ မွန်ပြည်သစ် (AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU (KNLA,KNDO) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များကဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသူ၊ အကြမ်းဖက်စစ်သား မိသားစုဝင်များ၊ လက်နက်ချအညံ့ခံ သူများ၊ သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရမိခဲ့သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိပြီး စစ်ကောင်စီ၏ မတရားအမိန့်များကို ဖီဆန်လျက် ပြည်သူ့ ရင်ခွင် ခိုလှုံလာသော CDM သူရဲကောင်းများကိုလည်း ထိုက်ထိုက်တန်တန်ဆုချီးမြင့်ခြင်းများ ပြု လုပ်ပေးခဲ့ကြောင်း သိရသည်။

 

ရှုံးမဲမဲနေသော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်ခြင်း ရွာလုံးကျွတ်မီးရှို့ခြင်း၊ လက်နက်ကြီးဖြင့်ကျေးရွာများအတွင်း ပစ်ခတ်ခြင်းများကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိပြီး ထို့သို့ လုပ်ဆောင်မှုကြောင့် လူမမည်ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် အပြစ်မဲ့ပြည်သူ ၂၅ ဦး သေဆုံးခဲ့ရကာ ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အတင်းအကြပ်စစ်မှုထမ်းခိုင်းရန် နှင့် မတရားဖမ်းဆီးခေါ်ဆောင်ခံရသူ သြဂုတ်လအတွင်း ၅၉၈ ဦးထိ ရှိပြီဖြစ်ကြောင်း တောင်ပိုင်း စစ် ဒေသက ထုတ်ပြန်ထားသည်။

 

တောင်ပိုင်းစစ်ဒေသသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တောင်း မြစ်ဝှမ်း စိုးမိုးရေးနှင့်ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များကို အထိရောက်ဆုံးဖော်ဆောင်နိုင် ရန် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...