PDF News

PDF News

တပ်ဖွဲ့အတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်ကာ တပ်ဖွဲ့ပုံရိပ်ဖျက်ဆီးခံခဲ့ရဟု ဗိုလ်နဂါးပြော (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၁

 

တပ်ဖွဲ့အတွင်းအထိ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်ကာ တပ်ဖွဲ့ပုံရိပ်ကို ဖျက်ဆီးခံခဲ့ရ ဟု ဗိုလ်နဂါးက ပြောကြားသည်။

 

ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် တည်ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းနားတွင် မြေပြင် တပ်မှူးများအားမိန့်ခွန်းပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

https://youtu.be/drrOn7seKz0

“ဗမာအမျိုးသားတပ်မတော်ဆိုပြီးတော့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ဖန်တီးဖို့ကြိုးစားတဲ့နေရမှာ အဟန့်အတားတွေရှိတယ်။ အဟန့်အတားဆိုတာက အပိုင်း ၂ ပိုင်းရှိတယ်၊ အဲဒီ ၂ ပိုင်းလုံးကနေပြီး တော့ ကျနော်တို့ ဗမာအမျိုးသားတပ်မတော် ရင်ဆိုင်ရတယ်။ ဒါတွေကို ဒီမှာတက်ရောက်လာတဲ့ တပ်မှူးတွေအားလုံး သိကြပြီး၊ ရင်ဆိုင်ခဲ့ကြရပြီး၊ ကြုံခဲ့ကြရပြီးဖြစ်တယ်။ အဲဒီအခက်အခဲတွေ၊ အဟန့်အတားတွေက ပုံစံသဏ္ဍာန်မျိုးစုံနဲ့ကျနော်တို့ဆီကို ဝင်လာတယ်။ ကျနော်တို့ကို ဘေးကနေ တိုက်ခိုက်တယ်။ အပေါ်ကနေတိုက်ခိုက်တယ်၊ အောက်ကနေတိုက်ခိုက်တယ်။ အထဲထဲအထိ ရည် ရွယ်ချက်အပြည့်နဲ့ စနစ်တကျနဲ့ဝင်လာပြီးတော့ ကာလကောင်းတစ်ခုမှာ တပ်ဖွဲ့ကို ပုံရိပ်ဖျက်ဖို့၊ လူထုအထင်လွဲဖို့ စသည်ဖြင့် ပုံသဏ္ဍာန်မျိုးစုံနဲ့တိုက်ခိုက်တာကိုလည်း ကျနော်တို့ ဗမာအမျိုးသား တပ်မတော်က ရင်ဆိုင်ခဲ့ရတယ်။” ဟု ဗိုလ်နဂါးက ပြောကြားသည်။

 

ထိုသို့ တပ်ဖွဲ့ပုံရိပ်ဖျက်ခံခဲ့ရသဖြင့် တပ်ဖွဲ့အတွင်းအခြေအနေ အတာ်ကယက်ရိုက်ခတ်သွားခဲ့သည်ဟု ဆိုသည်။

 

“အဲဒီအခြေအနေတွေက ကျနော်တို့အတွက် အတော်ကို ယောက်ယက်ခပ်သွားတယ်။ ပြန့်ကျဲနေတဲ့ ဝါးတွေ၊ ပြန့်ကျဲနေတဲ့ ပျဉ်ချပ်တွေ၊ သစ်လုံးတွေကို စုပြီးတော့ လှေကြီးတစ်ခုဆောက်တယ်၊ ဖောင် တစ်ခုဖွဲ့သလိုလုပ်တဲ့နေရာမှာ ဒါရဲ့လားရာ၊ ဒါရဲ့ကောင်းကျိုးကို သိသလိုလိုဝင်လာပြီးတော့ လှိုင်း လေထန်တဲ့နေရာရောက်မှ ကိုယ့်ဝါးကိုဖြုတ်၊ ကိုယ်သစ်ကို ထုတ်ပြီးတော့ ဒီလှေ၊ ဒီဖောင်ကို နစ် အောင်ကြံစည်သွားတဲ့သူတွေလည်းရှိတယ်။” ဟု ဗိုလ်နဂါးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မကွေးတိုင်း၊ ချောက်မြို့မှ ရန်ကုန်သို့သွားရင်း ပေါ်တာဆွဲခံရသူ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ဩဂုတ်လ ၂ ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော အကြမ်းဖက်...