PDF News

PDF News

အုတ်ဖိုမြို့နယ်၊ ဗိုလ်ရုံစု စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သိမ်နှင့်ဆွမ်းစားကျောင်းဆောင်ပျက်စီး

 

D Day News

မတ်လ ၂၈

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကြယ်နီကုန်း ကျေးရွာကြားရှိ ဗိုလ်ရုံစု စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

မတ်လ ၂၇ ရက် နံနက် ၄ နာရီ ၄၇ မိနစ်အချိန်က အကြမ်းဖက်စစ်သား ၃၀ ခန့်ဖြင့် အခိုင်အမာ တပ် စွဲထားသော ဗိုလ်ရုံစု စစ်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ၇၉ မမ ဗုံးသီး ၂ လုံးနှင့် လက်လုပ် ၄၀ မမ ဗုံးသီး ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအတွင်း ကျရောက်ပေါက် ကွဲခဲ့ကြောင်း၊ ထိုအပြင် ကင်းတာဝန်ကျ စစ်သား ၂ ဦးကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံး သွားကြောင်း သိရသည်။

 

ယင်းတိုက်ပွဲသည် ၃၂ မိနစ်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ အထိနာ သဖြင့် ခမရ ၆ တိမ်မြုပ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ထန်းပင် ကုန်းကျေးရွာ အနောက်ကုန်း ဘုန်းကြီးကျောင်းဝန်းထဲရှိ သိမ်နှင့် ဆွမ်းစားဆောင်တို့ ပျက်ဆီးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ဘီလူးစစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တိမ်မြုပ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ကူပေး သည့်အပြင် စစ်ကူများ ရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ ယနေ့ ဩဂုတ်လ...