Paungdel News

Paungdel News

ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာရှိ နေအိမ် ၂၁ လုံးကို မီးရှို့ကာပြန်ထွက်လာသည့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဩဂုတ်လ ၂၅

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာရှိ နေအိမ် ၂၁ လုံးကို ရှို့ကာ ပြန်ထွက်လာသော အ ကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပေါင်းတည်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF ထံမှ သိရသည်။

 

ဩဂုတ်လ ၂၀ ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာ စခန်းမှ အင်အား ၇၀ ဦးခန့်ဖြင့် ထွက် လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၁ လုံး၊ ကုန်တင်ကား ၁ စီး၊ နွား ၄ ကောင်နှင့် ဝက် ၉ ကောင် မီးရှို့ ဖျက်ဆီး သတ်ဖြတ်ခဲ့ခြင်းကြောင်း သိရသည်။

ထိုသို့ မီးသတ်ဖျက်ဆီးပြီး ဩဂုတ်လ ၂၃ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်တွင် ပြန်ချီတက်ရွာ ဘက်မှ သစ်ပုတ်ရွာဘက်သို့ ပြန်ဆုတ်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြည်ခရိုင် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ ရဲဘော်များက တိက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...