Paungbyin News

Paungbyin News

ဖောင်းပြင်မြို့နယ်၊ ပုံတောင်ရွာရှိ စစ်တပ်၊ ပျူစောထီး ပူးပေါင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး

 

D Day News

မေလ ၁၄

 

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစော ထီး စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၁ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ် ဒေသ က ထုတ်ပြန်သည်။

 

မေလ ၁၃ ရက်နေ့က ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ ခမရ ၃၆၇၊ ခမရ ၃၆၈ နှင့် ပျူစောထီး ပူးပေါင်း အင်အား ၆၀ ခန့်ဖြင့် အခြေပြုနေသော စခန်းကို အမှတ် ၁ စစ်ဒေသ ရှေ့တန်းကွပ်ကဲရေး အဖွဲ့၊ မော်လိုက်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၁၁ လောင်းရရှိပြီး ၃ ဦး အ ထက် ထိခိုက်ဒဏ်ရာရရှိခဲ့၍ လက်နက်ငယ် ၅ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး သိမ်းဆည်းရရှိခဲ့ ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အထိနာသော အကြမ်းဖက် စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်ဖြင့် ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက် ခဲ့သည့် အပြင် ဒရုန်းဖြင့်လည်း ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုအပြင် ရွှေညောင်ပင်ကျေးရွာ ရှိ ခမရ ၃၆၇၊ ခမရ ၃၆၈ ထုတ်နုတ်အင်အားနှင့် ပျူစောထီး ပူးပေါင်းအဖွဲတိုမှလည်း ၆၀ မမ ဖြင့် ပစ်ကူ တိုက်ခိုက်ပေးခဲ့ကြောင်း၊ အလားတူ ဖောင်းပြင်မြို့မှ ခမရ ၃၆၇၊ ခမရ ၃၆၈ ထုတ်နုတ် အင် အားနှင့် ပျူစောထီးတို့ဖြင့် ပူးပေါင်းကာ ပုဂံတောင်ခြေသို စစ်ကူလာရောက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

နယ်မြေရှင်းလင်းရေး လုပ် ဆောင်ရန် တာဝန်ပေးခံရသည့် ခလရ ၂၇၁ တပ်ရင်းမှူးလည်း တပ်ရင်း တစ်ခုလုံး အလင်းဝင်ရန် တိုင်ပင်စဉ် ထပ်မံဖမ်းဆီးခံရ သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ် ရင်းမှ တပ် ရင်း...