Paungbyin News

Paungbyin News

ဖောင်းပြင်မြို့နယ်၊ ရောင်ဟီးရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်၊ ပျူများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

မေလ ၅

 

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်ဟီးရွာသို့ ထိုးစစ်ဆင်လာသော အကြမ်း ဖက်စစ်သား၊ ပျူများ စစ်တပ်၊ ပျူစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၇ ဦးသေဆုံးပြီး သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း အမှတ် ၁ စစ် ဒေသထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၅ ရက် နံနက် ၅ နာရီမိနစ် ၃၀ ခန့်က စတင်ပြီး ဖောင်းပြင်မြိုနယ်၊ ရောင်းဟီးရွာသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ-၃၆၈ တပ်သားများ နှင့် ပျူများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၃၀ အထိ ကြာမြင့်ခဲ့ပြီး စစ်သားအလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ ၆၀ မမ ပြောင်းတို (၁) လက်၊ MA-1 (၄) လက်၊MA ကျည် (၁၅၁၂) တောင့်၊ ၄၀ မမ ဗုံးသီး (၁၉) လုံး၊ ၆၀ မမ ဗုံးသီး (၈) လုံး၊ RPG-7 ဒုံးသီး (၅) လုံး၊ MA ကျည် အိမ် (၂၆) ခု၊ စကားပြောစက် (၁) ခု၊ ကျည်ကာဦးထုပ် (၁) ခု၊ ဖုန်း (၃) လုံး၊ ဆေးပစ္စည်းအစုံနှင့် စကားပြောစက်ဓာတ်ခဲအပို (၂) ခု သိမ်းဆည်းရရှိခဲ့ကြေင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မော်လိုက်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...