Pauk News

Pauk News

ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူ၅ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၄

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ ၅ ဦး သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဇွန်လ ၁ ရက် ည ၈ နာရီခန့်မှ ဇွန်လ ၂ ရက် နံနက်အစောပိုင်း ၁ နာရီအထိ ပေါက်မြို့နယ် ၊ သစ်ချို ကုန်းရွာ ခင်မောင်ရီ ခေါင်းဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက်စစ်သားများ ပူးပေါင်းထား သည့် အထိုင်စခန်းကို Drone ဖြင့် Drop ဗုံးသီးများဖြင့် ကျဲချပြီး လက်နက်ကြီး ၊ လက်နက်ငယ်များ ဖြင့် အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား၊ ပျူစောထီးများထွက်ပြေးသွားကြောင်း သိရသည်။

 

ထို့သို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် အထိုင်ချ ကင်းစောင့်နေသော ဘန်ကာများအားလုံးနှင့် ကျေးရွာအတွင်း တပ်စွဲနေထိုင်သော အဆောက်အဦးများအား ဝင်ရောက် ဖျက်ဆီး ရှင်းလင်းကာ ကာဘိုင် သေနတ် တစ်လက် ၊ ကာဘိုင်ကျည်ဘောက် ၃ ခု လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင် ကျည် ၁ဝ၂ တောင့်၊ ၁၂ ဗို့ သေနတ် ၃ လက် ၊ လက်လုပ် သေနတ် ၅ လက် တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ မြိုင် ပကဖ ၊ BLY ပြောက်ကျားတပ်ဖွဲ့၊ SENTHANG REVOLUTION FORCE-S.R.F ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၂ ၊ မကွေးခရိုင်တပ်ရင်း ၂ ၊ ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး -NPRF ၊ အဆိုတော် အဖွဲ့၊ ပေါက်တောင်ပိုင်း ကျီးကန်း -ပကဖ ၊ PPDF ကင်ဒို ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Pauk Based On Revolution Force -PBRF ဗိုလ်တစ္ဆေအဖွဲ့၊ KMDF -ကမ္မတပ်ပေါင်းစု ၊ စကား ပြောက်ကျားတပ်ဖွဲ့၊ ဦးကြီး တပ်ဖွဲ့၊ ပေါက် ပကဖ Drone တပ်ဖွဲ့၊ BRAF Drone TEAM နှင့် မိုးပျံDrone တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...