Pauk News

Pauk News

စခန်းစွန့်ခွာသွားသည့် ဖလံကိုင်းနယ်မြေရဲစခန်းနှင့်ကျောက်တိုင်ခင်ကျေးရွာကို စစ်တပ်က ရည်ရွယ် ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဧပြီလ ၂၃

 

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စခန်းစွန့်ခွာသွားသည့် ဖလံကိုင်းနယ်မြေရဲစခန်းနှင့် ကျောက်တိုင်ခင် ကျေးရွာကို အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့ ဧပြီလ ၂၃ ရက်နေ့လည်ပိုင်းတွင် ပေါက်မြို့နယ်မြောက်ပိုင်းရှိ ဖလံကိုင်းနယ်မြေရဲစခန်းနှင့် အနီးရှိ ကျောက်တိုင်ခင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးသီး ၅ လုံးထက်မနည်းကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ များထိခိုက်မှုရှိပြီး နေအိမ်များလည်း ပျက်စီးမှုရှိခဲ့ကြောင်း၊ ကပစ ၂၅ မှ တက်လာသည့် Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက် ပျက်စီးမှုကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

 

တိုက်ပွဲလည်းမဖြစ်ဘူး၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်ကနေတက်လာပြီးတော့ ဗုံးသီး ၅ လုံး ထက်မနည်းကို ကျဲချသွားတာ၊ စက်သေနတ်နဲ့လည်းပစ်သွားတယ်။ ၃ ခေါက်လာကျဲသွားတာ။ ပြီး ကပစ ၂၅ က တက်လာတဲ့ Mi 35 ကလည်း တစ်ခေါက်လာတယ်။ ထိခိုက်မှုတော့ ရှိတယ်လို့ကြား တယ်။ အတိအကျတော့မသိရသေးဘူး၊ တိုက်ပွဲမရှိပဲနဲ့ ရည်ရွယ်ချက်ရှိရှိ လာကျဲသွားတာပါ၊ လေ ယာဉ်တွေက အနောက်ဘက်ကို ဆက်တက်နေတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ ဖလံကိုင်းနယ်မြေရဲစခန်းရှိ အကြမ်းဖက်စစ်သား၊ ရဲများသည် ဧပြီလ ၁၈ ရက်နေ့က မြိုင်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့်အတူ စခန်းစွန့်သွားခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လိုက်လံတိုက်ခိုက်ချမှုန်းခြင်းခံရကာ ထိခိုက်သေဆုံးသူ အများအပြားရှိ ကြောင်း၊ ယခုအခါ ကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မြိုင်မြို့နယ်အတွင်း သို့ ရောက်ရှိသွားပြီ ဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...