Pauk News

Pauk News

ပေါက်မြို့နယ်၊ ကပစ ၂၄ ကို ၁၀၇ မမ ရှော့တိုက်ဒုံး၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု အဆောက်အအုံ ထိခိုက် ပျက်စီးမှု များပြား

 

D Day News

ဧပြီလ ၄

 

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု စက်ရုံး – ကပစ ၂၄ ကို ၁၀၇ မမ ရှော့တိုက်ဒုံး၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ထိခိုက် ပျက်စီးမှု များပြားကြောင်း Freedom Revolution Force – FRF ထံမှ သိရသည်။

 

ဧပြီလ ၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ပေါက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ-၂၄ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး၊ ၁၀၀ မမ ဒရုန်း ဗုံးသီး ၄ လုံး တို့ဖြင့် တိုက်ခိုက်ခဲ့ရာ စက် ရုံကို တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး အထိအခိုက် အပျက်အစီး များပြားကြောင်း ၊ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့- ၂ ၊ ​ပေါက်မြို့နယ် ပကဖနှင့် ဗိုလ်လရောင်အဖွဲ့တို့ ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

FRF အထူးတာဝန်တပ်ဖွဲ့သည် စစ်အာဏာရှင်ကျဆုံးရေးအတွက် မဟာမိတ်များနှင့်အတူ စစ်ကောင် စီ၏ အရေးကြီးနေရာများအား တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...