ပုလောမြို့နယ်၊ မီးလောင်ကုန်းရွာ စစ်တပ်စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီး၊တိုက်ပွဲတွင်းပိတ်မိနေ သော ပြည်သူများကို ကယ်ထုတ် (ရုပ်သံ)
D Day News
ဩဂုတ်လ ၈
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးကာ တိုက်ပွဲအတွင်းပိတ်မိနေသောပြည်သူများကို ကယ်ထုတ်ခဲ့ ရကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၈ ရက်နံနက် ၆ နာရီဝန်းကျင်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စာသင်ကျောင်းအတွင်း တပ်စွဲထားကာ ဘန်ကာစခန်းများတည်ဆောက်ထားသည့် အကြမ်းဖက်စစ် သား၊ ပျူများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ ပြီး အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
https://youtu.be/monWQ-zxYCc
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ ၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်သားများစခန်းစွန့်ခွာထွက်ပြေးပြီးနောက် မီးလောင်ချောင်းကျေးရွအတွင်းရှိ စစ်တပ်စခန်းခံစစ်နေရာများ၊ စာသင်ကျောင်းအတွင်းတည်ဆောက်ထားသော ဘန်ကာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများကိုလည်း ဘေးလွတ်ရာသို့ ကယ် ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းနှင့် ၎င်းရှေ့ရှိ ဂိတ်ကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ တပ်ခွဲ ၂ တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
D Day News