Palaw News

Palaw News

ပုလော၊ ၅ မိုင်ရွာတိုက်ပွဲတွင်စစ်သား ၅ ဦးသေဆုံး ၂ ဦးအရှင်ဖမ်းမိ၊ လက်နက် ၈ နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၂

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ၅ မိုင်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ – PRDF ထံမှ သိရသည်။

 

ဇူလိုင်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က ပုလောမြို့နယ်၊ ၅ မိုင်ကျေးရွာသို့ အင်အား ၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာစစ်သား ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

https://youtu.be/znP9B2WBI3Y

ထို့အပြင် အကြမ်းဖက်စစ်သားများထံမှ ၆၀မမ စိန်ပြောင်း MA-7 ၁ လက်၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ MA-1 သေနတ် ၁ လက်၊ MA-2 သေနတ် ၂ လက်၊ MA-3 သေနတ် ၃ လက်၊ MA-5 ပစ္စတို သေနတ် ၁ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ မင်းဂွတ်သီး လက်ပစ်ဗုံး ၆ လုံး၊ MA-14 ခြေနင်းမိုင်း ၃ လုံး၊ MA ကျည် ဘောက် ၂၇ ခု၊ MA 2 ကျည်ဘောက်အဝိုင်း ၁ ခု၊ ကျည်ဆံ ၂၄၁၂ တောင့်၊ စစ်ဦးထုတ် ၆ လုံး၊ စကား ပြောစက် အသေး ၁ လုံး၊ ဖုန်း ၄ လုံး၊ ကျည်ကာ ၅ ခုနှင့် အီကွေ့မင် ၅ ခု တို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)နှင့် ပြည့်သူကာကွယ်ရေး တပ်မ တော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၁​ (PPDF) တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း ၇ တပ်ခွဲ ၅ မှ စစ်ကူပေးခဲ့ကြောင်း သိရသည်။

 

ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး သတိရှိရန်၊ အကြမ်းဖက်စစ်တပ် ယာဥ်တန်းနောက် ကပ်မလိုက်ခြင်း မပြုရန်၊ ဗုံးခိုကျင်းများ တူးထား ကြရန်နှင့် ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ၏ ထုတ်ပြန်ချက်များကို လေးစား လိုက်နာ ပေးကြရန် မေတ္တာရပ်ခံထားသည်။

 

ပုလောဒေသကာကွယ်ရေးတပ်ဖွဲအနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...