Palaw News

Palaw News

ပုလောမြို့နယ်၊ အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစားကျေးရွာ စစ် ဆေးရေးဂိတ်ကို ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၆

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်း မစား ကျေးရွာရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ – PRDF ထံမှ သိရသည်။

 

ဧပြီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲရှိ အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ စားဖိုဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ထမင်း မစား ကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ထပ်တိုးသေဆုံးထိခိုက်မှုကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

https://youtu.be/mlZKlKp0-wA

အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းသည် လက်ရှိစစ်မှုထမ်းဥပဒေအရ အကြမ်း ဖက်စစ်တပ်က တနင်္သာရီတိုင်းအတွင်းရှိ လူငယ် တပ်သားသစ်တွေကို စုဆောင်းကာ စစ်သင်တန်း ပေးနေသည့် နေရာဖြစ်ကြောာင်း သိရသည်။

 

ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲများပိုမို ပြင်းထန်လာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ် ရေးသတိရှိရန်၊ အကြမ်းဖက် စစ်တပ်၏ ယာဉ်တန်းနောက် ကပ်မလိုက်ရန်၊ ဗုံးခိုကျင်းများ တူးထား ရန်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)အနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင် သည်အထိ ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...