Palaw News

Palaw News

ပလမြို့အဝင် ဆိုင်းဘုတ်အနီး၌ တိုက်ခိုက်ပွဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို ပို့ ဆောင်စဉ် ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်၊ စလင်းမြို့နယ်၊ တညောင်ရဲ စခန်းကို တိုက်ခိုက်မှု ရဲ ၄ ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၅

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အဝင်ဆိုင်းဘုတ်အနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၇ နာရီခန့်က ပုလောမြို့နယ်၊ ပလမြို့အဝင် ဆိုင်းဘုတ်အနီး လှုပ်ရှား လာသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မ တော်(ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မဟာမိတ်တပ်ပေါင်းစုတို့ကြား အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ထိုနောက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရှိသည့် အကြမ်းဖက်စစ် သားများကို ပလမြို့ ရေနက်ဆိပ်ကမ်းမှ မြိတ်မြို့သို့ ပို့ဆောင်ရန် ကြိုးစားခဲ့သဖြင့် ပြည်သူ့ကာကွယ် ရေး ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း ဖက်ဆစ်စစ်တပ်မှ ထိခိုက်သေဆုံးမှု အများအပြားရှိနိုင်ပြီး ကို တိတိကျကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ် ရေး သတင်းကို အမြဲနားစွင့်၍ နေထိုင်ကြရန်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်တော်လှန် ရေးအင်အားစုများမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို လေးလေးစားစား လိုက်နာပေးကြရန် မေတ္တာရပ်ခံထားသည်။

 

အလားတူ ယမန်နေ့ ဧပြီလ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က စလင်းမြို့နယ်၊ တညောင်ရဲ စခန်း ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်းပေါ်သို့ လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုအတွင်း ရဲ ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ- စလင်း) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစခန်းအတွင်းမှ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...