Palaw News

Palaw News

ပလမြို့တွင်းရှိ စစ်တပ်အတွက် ရိက္ခာ၊ လက်နက်ခဲယမ်းသယ်ပို့ပေးနေသည့် စက်လှေ တစ်စီးကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

မတ်လ ၃၁

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်းအထိ ဝင်ရောက်ပြီး စစ်တပ်အတွက် ရိက္ခာ၊ လက်နက် ခဲယမ်းများကို သယ်ပို့ပေးနေသည့် စက်လှေတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၃၀ ရက်နေ့က ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲ၊ အမှတ် ၄ ရပ်ကွက်၊ အောင်သီဟ လမ်းနေ ဦးဝင်းနိုင်+ဒေါ်ဝင်းဝင်းမော်တို့သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားခြင်း၊ အကြမ်းဖက် ဖက်ဆစ်တပ်၏လူ၊ ရိက္ခာ၊ လက်နက်ခဲယမ်းများကို ၎င်းတို့ပိုင် ဆိုင်သည့် စက်လှေဖြင့် သယ်ယူပို့ဆောင်ပေးနေသည်ဟု ထောက်လှမ်းသိရှိထားဖြင့် အကြိမ်ကြိမ် မေတ္တာရပ်ခံသတိပေးခဲ့ရာ လိုက်နာခြင်းမရှိသဖြင့် မြို့တွင်းအထိရောက်ကာ ယင်းစက်လှေကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မြို့ထဲအထိ ဝင်စီးခဲ့တာပါ၊ လူကိုဖမ်းဆီးခဲ့တာ၊ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမျိုးမရှိပါဘူး၊ စစ်ခွေး‌‌ တွေနဲ့ ထိတွေ့တိုက်ပွဲ အနည်းငယ်ပဲ ဖြစ်ခဲ့ပါတယ်၊ စစ်ခွေးသေဆုံးမှုရှိသလို ကျနော်တို့ ရဲ ဘော်တွေလည်း အထိအခိုက်မရှိပါဘူး” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

https://youtu.be/C1kxMtYhioM

ထို့သို့ ပလမြို့အား စီးနင်းစဉ်အတွင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်နှင့် ထိတွေ့ပစ်ခတ်မှုအနည်း ငယ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်စဉ် ကြီးကြီးမားမား မရှိခဲ့ပဲ အကြမ်းဖက် ဖက်ဆစ်စစ်တပ်က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များနှင့် စစ်ကောင်စီအကျိုးစီးပွား တိုးပွား အောင် ဆောင်ရွက်နေသူများအနေဖြင့် မိမိတို့လုပ်ရပ်များကို ရပ်တန်းက ရပ်ပါရန်နှင့်  သတိပေး ချက်ကို လေးစားလိုက်နာမှု မရှိဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါကချေမှုန်းခံရ မည်ဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦး အရှင်ဖမ်းမိခဲ့ ကြောင်း ပေါင်း တည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -...