Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရေနံမြေအနီးတွင် စစ်ကား ၇ စီးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဓားစာခံ ပြည်သူများကို ကယ်ထုတ်ခဲ့ရ

 

D Day News

ဧပြီလ ၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ သာကြီးတောင်ရေနံမြေအနီးတွင် အကြမ်းဖက်စစ်တပ် ထောက်ပို့ယာဉ်တန်းမှ ကား ၇ စီးကို တိုက်ခိုက်သိမ်းပိုက်ပြီး ဓားစာခံပြည်သူများကို ကယ်ထုတ် ခဲ့ရကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ထံမှသိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ သာကြီးတောင် ရေနံမြေအနီးတွင် အကြမ်း ဖက်စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ရိက္ခာပို့ယာဉ် ၇ စီးကို သိမ်းပိုက်နိုင်ခဲ့ကာ ကား ပေါ်ပါလာသည့် ဓားစာခံပြည်သူများကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

 

ထိုသို့ သိမ်းပိုက်ရရှိသည့် ကားနှစ်စီးပေါ်မှ ရိက္ခာပစ္စည်းအချို့ကို နီးစပ်စစ်ဘေးရှောင်ပြည်သူများထံ မျှဝေပေးခဲ့ပြီး ကား ၇ စီးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ၊ အကြမ်းဖက်စစ်တပ်က အဓမ္မဖမ်းခေါ်ဆောင် ခြင်း ခံရသည့် အရပ်သား ပြည်သူ အချို့ကို လည်း ကယ်ထုတ်နိုင်ခဲ့ပြီး NUG အစိုးရ၊ ကြားကာလ အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ် နှံပေးလိုက်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်ရိက္ခာပို့ ယာဉ်တန်းသည် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာခဲ့ခြင်းဖြစ်ပြီး ကား အစီး ရေ ၁၀၀ နီးပါရှိကာ နောက်ဆုံးမှ လိုက်ပါလာသည့် ကား ၇ စီးကို တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ ခြင်း ဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား အချို့သေဆုံးမှုရှိနိုင်ပြီး အကြမ်း ဖက် စစ်သား အများအပြား ထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး -PRF ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် -PDO/ PDA ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃ ၊ အနောက်လွင်ပြင် LPDF ၊ ဧရာအနောက် ကမ္မ ပကဖ၊ PDF ကမ္မ – ကမ္မ ပကဖ ၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်စီးမခြားဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF အနေဖြင့် လက်တွေ့မြေပြင်၌ မဟာမိတ် တပ်ဖွဲ့များနှင့် အတူ ပူးပေါင်းကာ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...