Pakokku News

Pakokku News

ပခုက္ကူလေယာဉ်ကွင်းကို ရော့ကတ်၊ ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ရဲ ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူများတပ်စွဲထားရာ ပခုက္ကူလေယာဉ်ကွင်းကို ရော့ ကတ်၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Southetnr YSO PDF ထံမှ သိရသည်။

 

ဩဂုတ်လ ၄ ရက်တွင် ဗုံး အလုံး ၅၀ ၊ ဩဂုတ်လ ၅ ရက်နေ့တွင် ဗုံးသီး အလုံး ၃၀ ခန့်နှင့် ဩဂုတ် ၇ ရက်နေ့တွင် ဗုံးသီးအလုံး ၅၀ ခန့်တို့ကို အသုံးပြုပြီး ပခုက္ကူ လေယာဉ်ကွင်းပြန်လည် တည်ဆောက် ရေးအတွက် အင်အားတိုးချဲ့တပ်စွဲထားသော စခန်းတဲနေရာတို့ကို RC Plane. Drone.  Rocket လက် နက်ကြီး၊ လက်နက်ငယ် စသည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့လိုက်ရကြောင်း သိရသည်။

https://youtu.be/XxANYKHiz84

ယင်းလေယာဉ်ကွင်းပြန်လည်တည်ဆောက်ရန် အတွက် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင် လှိုင် ၏ သားပိုင်ဆိုင်သော ကုမ္ပဏီမှ ကန်ထရိုက်ရယူထားခြင်းဖြစ်ပြီး လေယာဉ်ကွင်းတည်ဆောက် ရေးမှာ ပါဝင်လျက်ရှိသော အလုပ်သမားအနေဖြင့် ငွေကြေးတစ်ခုအတွက်သာ မကြည့်ဘဲ ပြည်သူလူ ထုမျက်ကို ကြည့်ကာ အာဏာရှင်ခိုင်းစေရာ လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ခြင်း မပြုကြရန် Southern YSP PDF တပ်ဖွဲ့က တိုက်တွန်းထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southetnr YSO PDF ၊ ရေစကြို ပလဖ ၊ MPL တိုက်နယ် ၄ ပကဖ၊ အညာမုန် တိုင်း၊ TKGF ၊ Gen 1 ၊ ဒေါင်းနီ ပကဖ ၊ ရေဟင်္သာ လက်နက်ကြီး၊ ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းညီနောင် ၊ ပြည်သူ့အားမာန်-pdf နှင့် King Corba တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၆ ရက် နေ့လည်ပိုင်းကလည်း အဆိုပါ လေဆိပ်အတွင်းသို့ ပြည်သူ့ကာကွယ် ရေးပူးပေါင်းပြီး ဒရုန်း ၅ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများရှိရာနေရာများနှင့် လေယာဉ် ကွင်းပြင်ဆင်ရန် ရောက်ရှိနေသည့် စက်ယန္တရာများ ၊ ကားများအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား၊ ပျူများထိခိုက်မှုရှိသလို စက်ယန္တရားများလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO၊ ဒေါင်းအလံလွှင့်မည့်စေတမာန်၊ မြိုင်Air fighter၊ ပခုက္ကူပကဖ၊ မြိုင်ပကဖ၊ PKU N PDF နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့-၂ Shwe Nyar Myae PDFတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ တမုတ်ချုံးကျေးရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖကသတင်းထုတ်ပြန် သည်။ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က...