Pakokku News

Pakokku News

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

 

D Day News

ဇူလိုင်လ ၂၃

 

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေကြောင်း မကွေးတိုင်းပကဖ ဒရုန်း လက်ရုံးတပ်ဖွဲ့ – B.H.S.R.F ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ပခုက္ကူမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၏ လက်အောက်ခံ တပ်မ ၁၀၁ ကို Short Range Missile ၁၀ လုံး ဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက်စစ်တပ်အတွင်းမှ ၈၁ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးပျက်စီးမှုကို စုံ စမ်း နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်းပကဖ Drone လက်ရုံးတပ်ဖွဲ့ (B.H.S.R F) ၊ ပခုက္ကူခရိုင် တပ် ပေါင်းစုနှင့် နယ်စည်းမခြား Freedom ဖက်ဒရယ်စစ်ကြောင်း – ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ် သည်။

 

ယနေ့ ဇူလိုင်လ ၂၃ ရက် နေ့တွင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ အကြမ်းဖက်စစ်ကောင်စီ တပ် သားများက အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးကာ ရှာဖွေစစ်ဆေးနေကြောင်း မကွေးတိုင်း ပကဖ ဒရုန်း လက်ရုံးတပ်ဖွဲ့ – B.H.S.R.F မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာတိုက်ပွဲမှထွက်ပြေးသည့် ခလရ ၁၀၃ တပ်ရင်းမှူးနှင့် ရဲ တပ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်လာသူအများအပြားရှိ   သံလွင်မြန်မာသတင်း မေလ ၂၀   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးသွားသည့် ခလရ ၁၀၃ မှ...