Pakokku News

Pakokku News

ပခုက္ကူလေယာဉ်ကွင်းအတွင်း တပ်စွဲထားသော စစ်သား၊ ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူ ၅ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၂

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအတွင်း တပ်စွဲထားသော စစ်သား၊ ပျူများကို ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၊ ပျူ ၅ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရေးနှင့် မြောက်လူးကန်ကျေး ရွာကြားရှိ ပခုက္ကူလေယာဉ်ကွင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို RC Plane ၊ Drone ၊ Rocket လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ရဲ၊ ပျူ ၅ ဦးသေဆုံးပြီး ၁၀ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်း စစ်သည် ၊ ဒေါင်းညီနောင် ၊ ဒေါင်းသွေးနီ ၊ ပြည်သူ့အားမာန်-pdf ၊ King Corba ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ နှင့် Urban Underground Revolution Force (YSO) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့၌ အကြမ်းဖက်စစ်ခေါင်းဆောင်ရှိနေချိန် မင်္ဂလာဒုံ လေကြောင်းအတတ်သင်ကျောင်းကို ဗုံးခွဲ တိုက်ခိုက်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၉   ရန်ကုန်မြို့၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိချိန် မင်္ဂလာဒုံမြို့နယ်ရှိ လေ ကြောင်း အတတ်သင်ကျောင်းကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army ထံက သိရသည်။  ...