Pakokku News

Pakokku News

ပခုက္ကူမြို့ လဝက ရုံးအတွင်းသို့ လဝကဦးစီးမှူးနှင့် လုံခြုံရေးစစ်သားများ ကားဖြင့် ဝင်ရောက်လာစဉ် မိုင်းခွဲတိုက်ခိုက်မှု လဝက ဝန်ထမ်း တစ်ဦးနှင့် စစ်သား ၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့လဝကရုံးအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လဝက ဦးစီး မှူးနှင့် လုံခြုံရေးစစ်သားများ ကားဖြင့် ဝင်ရောက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လဝက ဝန်ထမ်း ၁ ဦး နှင့် စစ်သား ၁  ဦးသေဆုံးခဲ့ ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် နံနက် ၈ နာရီ ၂၆ မိနစ်အချိန်က ပခုက္ကူမြို့၊ လဝကရုံးအတွင်းသို့ အကြမ်း ဖက်စစ်တပ်လက်အောက်ခံ လဝက ဦးစီးအရာရှိနှင့် ၎င်း၏ လုံခြုံရေး စစ်သား ၇ ဦးခန့်သည် အိမ်စီးကား ၂ စီးဖြင့် လဝက ရုံးအတွင်းသို့ ဝင်ရောက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လဝက ဝန်ထမ်း တစ်ဦး၊ လက်နက်ကိုင် စစ်သား ၁ တို့သေဆုံးပြီး အနီးအနားရှိ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ယင်းလဝကရုံးသည် စစ်ကောင်စီလက်အောက်တွင် ပုံမှန်လည်ပတ်လျက်ရှိပြီး လာဘ်ပေးလာဘ်ယူ မှုများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် တော်လှန်ရေးတပ်ဖွဲဝင်များ၏ အသက်အိုး အိမ်ကို အကျိုးယုတ်စေရန် ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီတပ်ထံသို့ ပေးပိုကာ ကူ ညီလျက်ရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများကိုလည်း တပ်စွဲထားနေထိုင်လျက်ရှိကြောင်း သိရသည်။

 

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောရုံးများ၊ စစ်သားများ တပ်စွဲထားသော နေရာ များ အား သွားလာခြင်းမပြုရန် နှင့် စစ်ကောင်စီတပ်၏ ရုံးများ တပ်စွဲသွားသောနေရာများကို ပြောက် ကျား နည်းဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်ပကဖက အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နှင့် The Red Revolters -Pakokku တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မနက် ၈ နာရီခွဲလောက်က လဝကရုံးမှာ ဗုံးပေါက်တာ အကျယ်ကြီးပဲ။ စစ်သားတစ်ယောက်သေ တယ်လို့တော့ကြားတယ်၊ စခတွေ သေနတ်တွေနဲ့ လမ်းတွေပိတ်ထားတာ အကြာကြီးပဲ။” ဟု ပခုက္ကူမြို့နေပြည်သူတစ်ဦးက ပြောကြားသည်။

Photo – ပုံဟောင်း

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...