Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူ ၁၀ ဦးသေဆုံး၊ တစ်ဦး အရှင်ဖမ်းမိပြီး သေနတ် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူ ၁၀ ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် – PDA တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၅ နာရီမိနစ် ၂၀ အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု ရှင်မကန် ပျူရွာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီး ပျူ ၁၀ ဦးခန့်သေဆုံးကာ တစ်ဦးအရှင်ဖမ်းမိခဲ့ပြီး သေနတ် ၆ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ရာ ဧရာဒေါင်း တပ်ဖွဲ့မှ ရဲဘော် ဟီးရိုး ကျဆုံးခဲ့ရကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သား၊ ပျူများထံမှ ကာဘိုင် အမျိုးအစား သေနတ် ၄ လက် ၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၁ လက် ၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း ၊ လက်ပစ်ဗုံး ၂ လုံး ၊ လမ်းလျှောက် စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဝင်ရောက်တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ နှင့် ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက် ရရှိ၊ စစ်သား ၁၃ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅   ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြားရှိ‌ တော်ဝိကျေးရွာ၌ တပ်စွဲထားသော...