Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ တင်းဂါတ်စစ်ဆေးရေးဂိတ်မှ ပျူစောထီး ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး စစ်ဆေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

 

D Day News

ဇွန်လ ၂၀

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်စစ်ဆေးရေးဂိတ်မှ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် ပျူ စောထီး ၂ ဦးကို ဖမ်းဆီးရရှိခဲ့ကာ စစ်ဆေးမေးမြန်းနေစဉ် ခုခံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၉ ရက် နေ့က ပခုက္ကူမြို့နယ် ၊ တင်းဂါတ်စစ်တပ်ဂိတ်စခန်းတွင် ပြည်သူတွင် ပြည် သူထုအပါ် လက်နက်ပြ ခြိမ်းခြောက်ငွေညှစ်ရာ အလွန်ဆိုးရွားသူမျာဖြစ်သည့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းနေစဉ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များထံမှ လက်နက်လုယူထွက်ပြေး ရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်း ဆီးခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားများ၊ ပျူစောထီးများ အနေဖြင့် အသိတရားရရှိပြီး ပြည်သူ့နှ့င်အတူ ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်းကြရန်နှင့် လက်နက်နှင့်တကွ ဝင်ရောက်လာသူများကို လက်နက်အမျိုးအစားအလိုက် ထိုက်သင့်သည့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီတပ်ဖွဲ့အလိုကျ စားနပ်ရိက္ခာဝယ်ယူပေးခြင်း၊ သယ်ယူပေးခြင်း စသည့် လုပ်ဆောင်ပေး နေသူများကိုလည်း ထောက်တိုင်အဖြစ်သတ်မှတ်၍ ပြတ်ပြတ်သားသားအရေးယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...