Pakokku News

Pakokku News

ပခုက္ကူနှင့်တန့်ဆည်တို့တွင် စစ်တပ်စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်မှု ပျူ ၁ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီး (ရုပ်သံ)

 

D Day News

ဇွန်လ ၂၀

 

ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့်တွင်းမပျူစောထီးကျေးရွာကြားတွင် စစ်တပ်ယာဉ်တန်းနှင့်စစ်ကြောင်းကို မိုင်းဆွဲ၊ ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဇွန်လ ၁၈ ရက်နေ့က ပခုက္ကူမြို့၊ တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် ယာဉ်တန်းကို ကမ္မမြို့နှင့်တွင်းမပျူစောထီးကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲချခြင်းတို့ အကြိမ်ကြိမ် လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

https://youtu.be/RZUPHlcD2d8

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်သား၊ ပျူစောထီးများကို ဆေးကုသပေးနေသော ပျူစောထီး ချစ် လွင် သည် ဒရုန်းဗုံးစထိမှန်ဒဏ်ရာဖြင့် တွင်းမပျူစောထီးကျေးရွာကြားအရောက် သေဆုံးသွား ကြောင်း၊ ထို့အပြင် ပျူစောထီး အောင်နေစိုး လည်းခြေထောက်ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းထိမှန်ပျက်စီးသွားသော ယာဉ်များမှာလည်း ပြုပြင်နေဆဲဖြစ်ပြီး ဆက်လက်ထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖတပ်ရင်း ၁ တပ်ခွဲ – ၁ ၊ တပ်ခွဲ ၂ ၊ ပေါက် ပကဖ ၊ BLY‌ ပြောက် ကျားတပ်ဖွဲ့ ၊ KMDF (ကမ္မတပ်ပေါင်းစု) ၊ PDF Kamma (ကမ္မတပ်ပေါင်းစု) နှင့် Dog Killer Task Force (D K T F) pauk တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Civil Armed Force ထံမှ သိရ သည်။

 

ဇွန်လ ၁၅ ရက် ညနေ ၅ နာရီအချိန်တွင် ၂ ကြိမ်၊ ဇွန်လ ၁၈ ရက် ညနေ ၅ နာရီ ၄၃ မိနစ်တွင် ၂ ကြိမ် တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားပျူစောထီးကျေးသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Civil Armed Force တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား၊ ပျူစောထီးများဘက်က ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲ ဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...