Pakokku News

Pakokku News

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်း ၂ ခု ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၄

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစခန်း ၂ ခုကို ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

မေလ ၂၁ ရက် ညနေ ၄ နာရီ မှ ည ၁၂ နာရီအထိ  ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အရှေ့ဘက်ရှိ အောင် သာ ပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ အလားတူ မေလ ၂၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဒရုန်းဖြင့်  ဗုံးသီး ၅ လုံးကြဲ ချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

မေလ ၂၂ ရက် ညနေ ၆ နာရီတွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၏ အရှေ့ဘက်ရှိ အောင်သာ ပျူရွာ စခန်းကို ဖျက်အားပြင်း ဒရုန်း ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစခန်းအတွင်းရှိ စခန်းတဲ ၂ ခု မီး လောင်ပြာကျသွားပြီး ပျူခေါင်းဆောင် ကျော်မောင်၏ ဒုလက်ထောက် တင့်ဇော်မှာ နေရာမှာပင် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/5I7cl2Zd8g4

ယင်းအာင်သာပျူသည် နယ်စဉ်လှည့်မီးရှို့သည်ဟု နာမည်ကြီးသည့် ရွာတစ်ရွာဖြစ်ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra Force ၊ Kamma Defence Force (KMDF) ၊ DMG (ဓားမင်းကြီး) ၊ Kamma Undergroung ၊ Pakokku People Defence Force – PPDF နှင့် Pakokku Special Task Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

မေလ ၂၃ ရက် နံနက် ၆ နာရီမှ ၁၁ နာရီအချိန်အထိ ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူကျေးရွာကို ဒရုန်း ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၂ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra Force (ကမ္မတပ်ပေါင်းစု) ၊ Kamma Defence Force (KMDF) ၊ DMG (ဓားမင်းကြီး) ၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့ ၊ ဒေါင်းရင်သွေး ၊ People Defence Force Kamma ၊ နယ်စည်းမခြား Freedom ဖက်ဒရယ်စစ်ကြောင်း ၁ ၊ BLY ပျောက်ကြားတပ်ဖွဲ့ ၊ Joker ပျောက်ကြားတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...