Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာအနီးရှိ စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်မှု စစ်သား၊ ပျူ ၈ ဦး ဒဏ်ရာရာရ

 

D Day News

မေလ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ပေါက်လမ်းမပေါ် တင်းဂတ်ရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၆ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -ပေါက် လမ်းမပေါ် တင်းဂါတ်ရွာအနီးရှိအကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချ တိုက် ခိုက်ခဲ့ရာ တင်းဂါတ်ရွာပျူခေါင်းဆောင် မြင့်ကြည်၏ ဒုလက်ထောက် သန့်ဇင် အပါအဝင် စစ်သား၊ ပျူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် ဂိတ်သည် ခရီးသွားပြည်သူများနှင့် ကားသမားများအပေါ် အမြဲလိုလို ငွေ ကြေး အတောင်းကြမ်းပြီး အနိုင်ကျင့်ဗိုလ်ကျနေသည့် ဂိတ်ဖြစ်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသည့် ပျူ သန့်ဇင် ဆိုသူသည် အမှတ် ၁၅ ၊ ဆင်ပေါက်လှရပ်ကွက်တွင်နေထိုင်ပြီး အလုပ် လက်မဲ့များကို ပျူအဖွဲ့ထဲဝင်ရောက်ရန် စုဆောင်းနေသူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra ၊ Pku Thurian နှင့် KMDF (Kamma Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ...