Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သူ နေအိမ်အတွင်း၌ ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မေလ ၁၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးအောင်သူကို နေအိမ်အတွင်းဝင် ရောက်ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ဒေသနေပြည်သူများနှင့် ဒေါင်းစစ်သည် People Deffence Force PKU PDF အဖွဲ့ထံမှ သိရသည်။

 

ယနေ့‌ မေလ ၁၅ ရက် နံနက် ၉ နာရီခန့်က ပခုက္ကူမြို့၊ မြို့ရှောင်လမ်းရှိ နေအိမ်အတွင်းသို့ ဝင်ရောက် ပြီး သေနတ်ဖြင့် ၇ ချက်ပစ်ခတ်သွားရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ သေဆုံးသွား သည့် ရုပ်အလောင်းကို ယနေ့ မေလ ၁၅ ရက် ညနေ ၄ နာရီတွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

 

“ဧည့်စာရင်းတိုင်ချင်လို့ဆိုပြီး အိမ်ထဲအထိ ဝင်ပစ်သွားတာ။ ကျည်ခွံက ၇ ခုတွေ့တယ်။ ခန္ဓာကိုယ်မှာ တော့ အပေါက်က ၁၀ ပေါက်တွေ့တယ်။ အရင်အုပ်ချုပ်ရေးမှူးအသတ်ခံရတော့ သူ့ကို ထပ်ခန့်တာ။ သူ့အဖေက မလုပ်ဖို့ တားသေးတယ်။ သူက လုပ်တာ။ လူက ငယ်သေးတယ်။ အသက် ၃၃ နှစ်ပဲရှိ သေးတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ဒေါင်းစစ်သည် People Deffence Force PKU PDF အဖွဲ့မှ ရဲဘော် များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ ပြည်သူများကို အ ကြောင်း မဲ့ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူများနှင့်ပူးပေါင်းကာ ကင်းလှည့် ခြင်းတို့လုပ်ဆောင်လေ့ရှိကြောင်း၊ မရှင်းလင်းခင် လွန်ခဲ့သော တစ်လခန့်စတင်ပြီး စာပိုသတိပေးခဲ့ သော်လည်း လိုက်နာခြင်းမရှိသဖြင့် ပစ်ခတ်ရှင်းလင်းခဲခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...