Pakokku News

Pakokku News

ပခုက္ကူမြို့ အခြေစိုက် ခလရ ၂၅၂ တပ်ရင်းမှ စရဖ တစ်ဦးကို ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်အတွက် အလုပ်လုပ်ပေးသူတစ်ဦး ဖမ်းမိ

 

D Day News

ဧပြီလ ၂၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၅၂ တပ်ရင်းမှ စရဖတပ်ဖွဲ့ဝင်တစ်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးသူ တစ်ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက် နံနက် ၇ နာရီခန့်က ပခုက္ကူနည်းပညာတက္ကသိုလ် -GTC ဂိတ်၌ တာဝန်ကျ နေသော ခလရ ၂၅၂ တပ်ရင်းမှ စစ်ဖက်ရေးရာ လုံခြုံရေး – စရဖ တပ်သား ကျော်နိုင်ဝင်းသည် ဂိတ် အနီးရှိ လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ပြန်လည် ခုခံပြီး ထွက်ပြေးရန် ကြိုးစားဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ ကျော်နိုင်ဝင်းသည် အဆိုပါ ဂိတ်တွင်တာဝန်ကျနေသည်မှာ ၂ နှစ်နီးပါးရှိပြီး ဂိတ်ပတ်ပတ် လည်တွင် မိုင်းဆင်ပေးခြင်း၊ ကင်းမှူးတာဝန်ယူခြင်း၊ PDF တပ်ဖွဲ့ဝင်များ၏ သတင်းအချက်အလက် များကို ရှာဖွေစုဆောင်းပေးရသူဖြစ်ကြောင်း၊ ၎င်းထံမှ ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ဖုန်းအတွင်းမှ PDF ထောက်ပို့နေအိမ် အချက်အလက်မြေပုံများ ၊ PDF များတပ်ဆင်ထားသည့် မိုင်းပွိုင့်နေရာ အ ချက် အလက်များ၊ ကျေးရွာများအတွင်းမှ ပျူ များ၏ အချက်အလက်များ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

“သူက စရဖက ကျောက်လှေကားနဲ့ GTC ကတောင်ဘက်မြောက်ဘက်၊ ၅ ဖာလုံလောက်လေးပဲကွာ။ နဂိုက သူကကျောက်လှေကားဂိတ်မှာတာဝန်ကျတာ၊ အဲဒီမှာက သူက ဂိတ်ဗိုလ်နဲ့အဆင်မပြေတော့ GTC ဂိတ်ကို ပြန်ပြောင်းသွားတာ။ သူက ဂိတ်စချကတည်းကနေတာပါ။ GTC ဂိတ်အနီးက လက် ဖက် ရည်ဆိုင်ထဲ ဝင်ဖမ်းတာကို သူက ပြန်လည်ခုခံဖို့လုပ်တာနဲ့ အသေပဲပစ်လိုက်တာ။ သူမှာက ဘာ လက် နက်မှ မရှိဘူး။ သူထဲမှာတော့ အတွင်းထဲက သတင်းပေးတွေရှိတယ်။ အဲဒီအချက် အလက်တွေ တော် တော်များများရခဲ့တယ်။ စိစစ်နေဆဲလိုက်လံပြီးတော့ ဖမ်းဆီးနေဆဲရှိတယ်။ မနေ့က ကျေးရွာ အ တွင်းက သတင်းပေးတစ်ယောက်ကတော့ သက်ဆိုင်ရာ နယ်မြေ PDF တွေ အကြောင်းကြား တယ်။ ဒီဘက်က အချက်အလက်တွေပေးတယ်။ အဲဒီတစ်ယောက်တော့ ဖမ်းဆီး စစ်ဆေးနေတယ် အခြေအ နေရှိပါတယ်။” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်း က ပြောကြား သည်။

 

ထိုသို့ တွေ့ရှိသည့် အချက်အလက်များအရ ယမန်နေ့ ဧပြီလ ၂၄ ရက် ညနေ ၅ နာရီခန့်က သက်ဆိုင် ရာ နယ်မြေ PDF တပ်ဖွဲ့ထံ အကြောင်းကြားကာ ပျူစောထီး အမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း၊ ဖမ်းဆီးရရှိသူ ပျူစောထီးကို ထိုက်သင့်သော အပြစ်ပေးအရေးယူမှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Southern YSO PDF တပ်ဖွဲ့က အသိပေးထားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို Southern YSO PDF နှင့် ပြည်သူ့အားမာန် PDF တပ်ဖွဲ့တို့ပူးပေါင်းကာ နတ်မိချောင်း စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...