Pakokku News

Pakokku News

ပခုက္ကူမြို့နယ်တွင် မိုင်းရှင်းစစ်သားများ မိုင်းကွဲပြီး ၁ ဦးသေဆုံး၊ ရေလာလေး ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျူတစ်ဦးသေဆုံး

 

D Day News

မတ်လ ၂၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မိုင်းရှင်းနေသည့် အကြမ်းဖက်စစ်သားများ မိုင်းကွဲပြီး တစ်ဦးသေဆုံး ခဲ့ကြောင်း Young Force – UG ထံမှ သိရသည်။

 

မတ်လ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ ညောင်ပင်လှလမ်းခွဲအနီး၌ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ထောင်ထားသည့် မိုင်း ၂ လုံးကို အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရှင်းလင်း ဖော်ယူနေစဉ် မိုင်းကွဲပြီး ပျူစောထီးတစ်ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးကာ စစ်သား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မတ်လ ၂၆ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစော ထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ၂၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရေလာလေးကျေးရွာမှ ပျူစောထီး ကျော် ခိုင်ဆိုသူ ဆီးပုံးထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra၊ DMG တပ်ဖွဲ့၊ MRTF ၊ Young Force UG နှင့် ကမ္မ underground PDF ကမ္မ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ ယနေ့ ဩဂုတ်လ...