ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့်တပြေးညီ အရေးယူဆောင် ရွက်မှု မရှိခြင်းကြောင့် အပြစ်ပဲ့ပြည်သူများ အသက်ဆုံးရှုံးနေရဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အ မတ်ကြီး ဦးကျော်မိုးထွန်းထောက်ပြ
သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့်တပြေးညီ အရေးယူ ဆောင်ရွက်မှု မရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏...