Opinion Article

Opinion Article

D Day News သတင်းဌာနရဲ့ အယ်ဒီတာ့အာဘော်နဲ့ နှစ်သစ်ကူး ဆုတောင်းစကား

 

D Day News

ဧပြီလ ၁၇

 

နှစ်သစ်ကူးကာလ အတာသဘင်ပွဲဆိုတာ မြန်မာပြည်သူလူထုအတွက် နေရာတိုင်းဒေသတိုင်းက လူမျိုးဘာသာမရွေးအားလုံးပါဝင်ဆင်နွှဲကြပါတယ်။

 

တိုင်းပြည် အုပ်ချုပ်တဲ့အစိုးရ ရဲ့ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ အားနည်းချက် အားသာ ချက် တွေကိုလည်း သံချပ်ဖျော်ဖြေပွဲတွေနဲ့ ထောက်ပြဝေမှုတွေလည်း လုပ်ဆောင်ကြပါတယ်။

 

တစ်နိုင်ငံလုံး လူမျိုးဘာသာမရွေးတစ်နိုင်ငံအတိုင်းအတာနဲ့ ကျင်းပတဲ့ အတာရေသဘင်ပွဲတော်ရဲ့ အနှစ်သာရတွေကို အာဏာရူးမင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တစ်စုဖျက်ဆီးခဲ့တာ ၄ နှစ်မြောက်ရှိပါပြီ။

 

အာဏာရူးအကြမ်းဖက်စစ်ခေါင်းဆောင်ကိုယ်တိုင် သင်္ကြန်ပွဲတော်ရက်ကြီး ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရလို့ သင်္ကြန်ပွဲတော်နဲ့အတူ တစ်နိုင်ငံလုံးက ပြည်သူတွေ ပျော်ရွှင်ကြရပါသေးတယ်။

 

တစ်နှစ်နဲ့တစ်နှစ်မတူပဲ တော်လှန်ရေးအရွေ့တွေ အရှိန်မြင့်လာတယ်ဆိုတာ အကြမ်းဖက်စစ်ခေါင်း ဆောင်တွေဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ကို တိုက်ခိုက်နိုင်ခဲ့ခြင်းတွေက သက်သေပါပဲ။

 

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ တပ်ရင်းမှူး၊ ဗျူဟာမှူးတွေ ဖမ်းဆီး၊ သေဆုံးခဲ့ရတဲ့ သတင်း တွေ လည်းဟာ ရိုးသွားလို့ နေပါပြီ။

 

ဒီလိုတော်လှန်ရေးအရွေ့တွေ အရှိန်မြင့်လာတာနဲ့ ဒီနှစ်ရဲ့ အတာသင်္ကြန်ပွဲတော်ကာလ တော်လှန် သင်္ကြန်သံချပ်တွေမှာလည်း  ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ NUG အစိုးရရဲ့ လုပ်ပုံ ကိုင်ပုံတွေနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေ သောသောညံညံထွက်ပေါ်လာပါတယ်။

 

ဒီလိုထောက်ပြဝေဖန်တဲ့ သံချပ်တွေကြားပြီး NUG အစိုးရအနေနဲ့လည်း လာမယ့်နှစ်သစ်မှာ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်မြင့်လုပ်ဆောင်ကာ တော်လှန်ရေးကြီး အမြန်ပြီးမြောက်စေဖို့ တိုက်တွန်း လိုပါတယ်။

 

လက်နက်အားကိုးနဲ့ အာဏာလုယူခဲ့တဲ့ အကြမ်းဖက်စစ်တပ်က ၎င်းတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ “ကြွက်မနိုင် ကျည်မီးနဲ့ရှို့” ဆိုသလို လက်နက်မဲ့ ပြည်သူလူထုကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေ အိမ်တွေ မီးရှို့တာ၊ ရပ်ရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တွေ ပိုမို လုပ် ဆောင်လာနိုင်တာမို့ ပြည်သူလူထုအနေနဲ့ သတိထားနေထိုင်ပေးကြဖို့လည် တိုက်တွန်းလိုပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုရှိနေသမျှ “တော်လှန်ရေးဟာ ငါနဲ့မဆိုင်ဘူး၊ နိုင်ငံရေးဟာ ငါနဲ့မဆိုင်ဘူး” ဆိုတဲ့သူတွေအပါအဝင် တစ်နိုင်ငံလုံး၊ အကုန်လုံး အထိနာနေပြီဖြစ်ပါတယ်။

 

ဒါကြောင့် လာမယ့်နှစ်သစ်မှာ –

 

မိဘပြည်သူတွေ အားလုံး အကြမ်းဖက်စစ်အုပ်စု ရန်ဘေးက ကင်းဝေးကြပါစေ။

ယုတ်မာကောက် ကျစ်တဲ့ အကြမ်းဖက်စစ်အုပ်စု အမြစ်ပြတ်ကျဆုံးပါစေ။

နွေဦးတော်လှန်ရေး(ခ)ပြည်သူ့တော်လှန်ရေးကြီးလည်း အောင်လံလွှင့်ထူနိုင်ပါစေ။

 

လို့ ဆုတောင်းပေးလိုက်ပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Editor’s Note

Editor’s Note

တရုတ်၊ ရုရှားရဲ့ အသက်ကယ်ဆေးနဲ့ ရှင်သန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်   အယ်ဒီတာ့အာဘော်   လက်ရှိ မြန်မာ့စစ်ရေးအခြေအနေကို လေ့လာမယ်ဆိုရင် တရုတ်နဲ့ ရုရှား အာဏာရှင် ၂ နိုင်ငံရဲ့ အ သက်ကယ်ဆေးပေးသွင်းမှုနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက အသက်ဆက်ရှင်သန်ခွင့် ရနေတာပါ။   တရုတ်ကတော့ နိုင်ငံအရေးအထိဝင်ရောက်စွက်ဖက်ချယ်လှယ်ကာ...