Oak Phoe News

Oak Phoe News

အုတ်ဖိုမြို့နယ်၊ ဝိုင်းရဲစခန်းထဲ၌ ဖမ်းဆီးခံရသူများအနက် မုန့်ဟင်းခါးရောင်းသူ ကိုကုလားလေး၏ မျက်နှစ်လုံး ဖောက်ထုတ်ပြီး နှိပ်စက်ခံရ

 

D Day News

ဇွန်လ ၉

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရဲစခန်းထဲ၌ ဖမ်းဆီးခံထားရသူများအနက် မုန့်ဟင်းခါးရောင်းသူ ကိုကုလားလေး၏ မျက်နှစ်လုံးကို စစ်သား၊ ရဲများက ဖောက်ထုတ်နှိပ်စက်ခံထားရကြောင်း  သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၅ ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များက ရဲစခန်းအထွက် လမ်းကြပ် တနေရာ၌ TNT အပြင်းစား ပဒေသာမိုင်း ၃ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ် သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းအနီးရှိ ပြည်သူ ၁၇ ဦးကို ညနေ ၃ နာရီခန့်တွင် လာ ရောက် အကြမ်းဖက်စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီး ၁၂ ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကိုကုလားလေး၊ ကိုဇော်ဦး၊ မအေးမိုး ၊ မရင်အေးနှင့် အခြားအမည်မသိပြည်သူတစ်ဦးကို ယနေ့ အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ ၎င်းတို့ ၅ ဦးအနက် ရဲစခန်းအနီး မုန့်ဟင်းခါးရောင်းသည့် ကိုကု လားလေးကို မျက်လုံးနှစ်လုံး ဖောက်ထုတ်ကာ ထိပ်တုံးခတ်ထားကြောင်း သိရသည်။

 

“ဖမ်းဆီးခံရသူတွေထဲက ရဲစခန်းအနီးမှာ မုန့်ဟင်းခါးဆိုင်ဖွင့်ရောင်းတဲ့ ကိုကုလားလေးဆိုတဲ့သူကို PDF တွေ မိုင်းလာထောင်တာ ဒီမျက်လုံးက မမြင်ဘူးလားဆိုပြီး မျက်လုံး တစ်လုံး ထိုးဖောက်တယ်။ ပြီးတော့ သူ့ရဲဘော်တွေမှန်း သိရက်သားနဲ့ မုန့်ဟင်းခါးတစ်ပွဲကို ၁၀၀၀ နဲ့ရောင်းလို့ဆိုပြီး နောက်မျက် လုံးတစ်ဖက်ကိုလည်း ဖောက်ထုတ်တယ်။ ပြီးတော့ ဝိုင်းရဲစခန်းထဲမှာ ထိပ်တုံးခတ်ထားတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဝိုင်းရဲစခန်း၌ မိုင်းဆွဲတိုက်ခိုက်ခြင်းမခံရမီ အကြမ်းဖက်စစ်သား၊ ရဲ ၂၀ ခန့်သာရှိခဲ့သော်လည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖောကားဖြင့် အကြမ်းဖက်စစ်သား ၂၀ ခန့် ထပ်မံအင်အားဖြည့်ထား ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris တို့ အွန်းလိုင်းဖြင့် တွေ့ဆုံ၊ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) Kim Aris နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံပြီး ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာစေ ရန် ကြိုုးပမ်းကြမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။ မကြာသေးခင်ကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...