Oak Phoe News

Oak Phoe News

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှ အရက်သောက်ရန်ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၄

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက် လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အကြမ်းဖက် စစ် သား ၅ ဦးသည် အရက်သောက်ရန်အတွက် ရဲစခန်းထဲမှ ထွက်လာစဉ် ရဲစခန်းအဝင် လမ်းကြားရှိ ပဒေသာ TNT အပြင်းစားမိုင်း ၃ လုံးတွဲ ထောင်ထားသည့် နေရာသို့အရောက်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ စောင့်ကြို မိုင်း ဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၃ ဦး နေရာတွင် သေဆုံးပြီး ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း၊  စခန်းအတွင်းရှိ အခြား အကြမ်းဖက်စစ်သားများမှ စက်လက်နှင့် လက်နက်ကြီးများဖြင့် စခန်းအပြင်ဘက်သို့ ရမ်းသမ်းပစ်ခတ်မှု မိနစ်၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ အုတ်ဖိုမြေအောက်ပြောက် ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ဆက်လက်၍ မြို့ပြစစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူများနှင့် စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ ရုံးများအနီး နေထိုင်သွားလာခြင်းများ မပြုလုပ်ကြခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်  မေတ္တာရပ်ခံ အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...