Nyaunglaybin News

Nyaunglaybin News

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများထိခိုက်သေဆုံးမှုရှိ

 

D Day News

ဧပြီလ ၃

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း People Defence Force Shwegyi – SGDF တပ် ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂ ရက် နံနက် ၄ နာရီခန့်ကစတင်၍ ပုဇွန်မြောင်းကျေးရွာ၌ ယာယီတပ်စွဲပြီး ကျေးရွာ နေလူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ဖမ်းဆီးပြီး ကားပေါ်ဆွဲတင်နေသော အကြမ်းဖက် စစ် သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

“ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်၊ အရေအတွက်အတိအကျမသိရသေးတာပါ။ ပုဇွန်မြောင်းကျေး ရွာမှာ တပ်စွဲထားတာ ၅ ရက်လောက်ရှိပြီ၊ ရွာကနေလူငယ်တွေကို ကားနဲ့တင်ပြီးဆွဲနေတာ၊ စစ်မှု ထမ်းခိုင်းမယ်လို့ တင်ပါတယ်။ ကျည်ကုန်လို့ ပြန်ဆုတ်ခဲ့ရတာပါ။ ကျည်နဲ့ ရိက္ခာဆေးဝါးအကူအညီ တွေလိုအပ်နေပါတယ်၊ ဒါတွေ ကိုယ့်ဘက်က ပြည့်စုံမှ ခရီးပေါက်မှာပါ” ဟု People Defence Force Shwegyi – SGDF တပ် ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA နှင့် People Defence Force Shwegyi – SGDF တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တစ်ဦးခြေထောက် ဖြတ်လိုက်ရကြောင်း၊ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အင်အား ၁၀၀ ခန့် စစ်ကူများ ထပ်မံရောက်ရှိလာကာ လက်ရှိတွင် ပုဇွန်းမြောင်းကျေးရွာအနီး၌ တပ်စွဲထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...