Nyaung U News

Nyaung U News

ညောင်ဦးမြို့နယ်၊ ကုလားတဲရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှမြင့်ဦး(ခ)ပါကျဲ ပစ်ခတ်ခံရပြီး‌ သေဆုံး ၊ လက်လုပ်သေနတ်တစ်လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ကျည်ဆံများ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၉

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုလားတဲရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှမြင့် ဦး(ခ)ပါကျဲကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး လက်လုပ်သေနတ်တစ်လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ကျည်ဆံများ သိမ်းဆည်းရရှိ ကြောင်း ပုဂံပြည် ဘီလူးတပ်ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၈ ရက် ည ၁၀ နာရီခန့်က ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှမြင့်ဦး(ခ) ပါကျဲကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ ရာ နေရာမှာပင်သေဆုံးသွားပြီး လက်လုပ် ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည်ဆံ ၅ တောင့်နှင့် လက် ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူ့အိမ်ထဲ အထိ ဝင်ရှင်းခဲ့တာပါ။ သူက အကြမ်းဖက် စကစအလိုကျ ကျေးရွာနေ ပြည်သူတွေ အပေါ် နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ အတင်းအဓမ္မငွေကြေးတွေကောက်တယ်။ ကျေးရွာနေ လူငယ်တွေကိုလည်း အတင်းအဓမ္မခေါ်ပြီး စစ်ထဲထည့်သွင်းနေလို့ ဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်ရ တာပါ” ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပုဂံပြည်ဘီးလူးတပ်နှင့် ငါ့သရောက် PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် တာဝန်မှ အမြန်ဆုံးနှုတ်ထွက်ပြီး ပြည်သူလူထုနှင့်အတူ ရပ်တည်ပူးပေါင်းကြရန် တိုက် တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်...