Nyaung U News

Nyaung U News

ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာရှိ ပျူစောထီးများ ဖဲရိုက်နေစဉ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရ ပြီး ပျူခေါင်းဆောင် တိုင်းကျော်အပါအဝင် ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၀

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာရှိ ပျူများ ဖဲရိုက်နေစဉ် ဝင်ရောက်ပစ် ခတ်တိုက် ခိုက်ခဲ့ရာ ပျူခေါင်းဆောင် တိုင်းကျော်အပါအဝင် ၂ ဦးသေဆုံးသွားကြောင်း ညောင် ဦးမြို့နယ် အထူး ချေမှုန်းရေးတပ် (ပုဂံစစ်သည်) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ အနီးရှိ ပြည်သူ့ရေစင်ရုံး အတွင်း၌ ပျူများ စုဝေး၍ ဖဲရိုက် နေစဥ် ညောင်ဦးမြို့နယ် အထူးချေမှုန်းရေး တပ် ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် တိုင်းကျော်နှင့် တပည့် ဖြစ်သူ သိန်းနိုင်တို့သေဆုံးကာ ကျန်ပျူ ၃ ဦးအပြင်းအထန်ဒဏ်ရာဖြင့် ညောင်ဦး ဆေးရုံသို့ ပို့ဆောင် ကုသ ထားကြောင်း သိရသည်။

 

သေဆုံးသူ ပျူစောထီးခေါင်းဆောင် တိုင်းကျော်သည် အကြမ်းဖက်စစ်တပ်မှ နှုတ်ထွက်ထားသူ ဖြစ် ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးသဖြင့် အတင်းအဓမ္မစစ်သား စုဆောင်းနေသူလည်း ဖြစ် ကြောင်း၊ညောင်ဦးမြို့နယ်၊ ငါ့သရောက် နယ် မြေတကြောတွင် အဆိုးဝါးဆုံး ပျူတစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏ သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ ဖမ်းဆီးခံရခြင်း၊ PDF ယာ ယီစခန်းစီးနင်းတိုက်ခိုက်ခံရခြင်းတို့ရှိပြီး PDF တပ်ဖွဲ့ဝင်အချို့ သတ်ဖြတ်ခံရမှုများလည်းရှိကြောင်း သိရသည်။

 

“အဲဒီရွာက ပျူရွာတော့မဟုတ်ဘူး၊ သူတို့အုပ်စုလေးပဲ ပျူလုပ်နေကြတာ။ လက်နက်တော့ ရှိတယ်၊ သူတို့လက်နက်က ညင်းပတ်တဲ့အချိန်ပဲ ကိုင်တာ၊ သူတို့က အင်အား ၃၀ လောက်ရှိတယ်၊ ညဘက်ဆို ရင် သူတို့ဘက်က အင်အားသာလို့ သူတို့အားနည်းတဲ့အချိန် အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ။ သေ သွားတဲ့ ပျူခေါင်းဆောင် တိုင်းကျော်က ငါ့သရောက်နယ်မြေမှာ အဆိုးဆုံးပဲ၊ သူပြီးရင် ပြီးတယ်၊ ငါ့သ ရောက်ရဲစခန်းက ရဲတွေဆို သူ့ကို ကြောက်နေရတာ၊ တစ်ခုခုဆိုရင် သူက G1 တိုင်တာ။အဲနားရွာတွေ အကုန် သူက ဘုရင်ပဲ” ဟု ညောင်ဦးမြို့နယ် အထူးချေးမှူန်းရေးတပ် (ပုဂံ စစ်သည်) တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ် (ညောင်ဦးမြို့နယ် ပကဖ)၊ ရန်ကြီးအောင်ပျောက်ကြား တပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၁ ၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၂ နှင့် (ရဲဘော်ညီ နောင် ပြောက်ကြားတပ်) တို့ ပူးပေါင်းကာ လေ့ကျင့်ဖွဲ့စည်းထား သော ညောင်ဦးမြို့နယ် အထူး ချေးမှူန်းရေးတပ် (ပုဂံ စစ်သည်) ရဲဘော်များက တိုက်ခိုက် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...