Nyaung Shwe News

Nyaung Shwe News

ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ပြည်သူ့စစ် ၂ ဦးကို တိုက်ခိုက်မှု ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၄

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ပြည်သူ့ စစ် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း ပျားစစ်ကြောင်းထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီ အချိန်က ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်တပ်စခန်း မှ ဆိုင်ကယ်စီးကာ ထွက်လာသည့် PNO ပြည်သူ့စစ် ၂ ဦးကို ပြောက်ကျားနည်းဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ဘောက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စခနဲ့ PNO ပေါင်းနေတာ၊ အခုသေတာက PNO ပါ၊ ပြန်ပစ်မယ်တော့ လုပ်သေးတယ်။ လက်ဦးမှု ရယူနိုင်လိုက်လို့” ဟု ပျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လက်ရှိတွင် အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက နန့်ဗွမ်ကျေးရွာတွင် စခန်းချတပ်စွဲထားပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့၊ SSRY ၊ ပျားစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့နှင့်မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...