Nyaung Shwe News

Nyaung Shwe News

ညောင်ရွှေတိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေဆုံးပြီး ၃ နီးပါးကြာသည်အထိ အလောင်းလာရောက် ယူခြင်းမရှိသဖြင့် PDF တပ်ဖွဲ့ဝင်များက ကောက်ယူသင်္ဂြိုလ်ပေး

 

D Day News

ဇွန်လ ၁၇

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၄၀ ကျော်သေဆုံးပြီး အကြမ်း ဖက်စစ်တပ်က ၃ လနီးပါးကြာသည်အထိ လာရောက် ကောက်ယူခြင်းမရှိသဖြင့် PDF တပ်ဖွဲ့များက ကောက်ယူ သဂြိုလ်ပေးခဲ့ကြောင်း Bees Column က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ညောင်ရွှေမြို့နယ် ၊ ညောင်လေးပင်ရွာနှင့် ရေပူရွာအကြား၌ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၀ ကျော်သေဆုံးကာ စစ်ကြောင်းလိုက်ကုန်အသည်အထိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို အကြမ်းဖက် စစ်ကောင်စီ တပ်က ၃ လနီးပါးကြာသည် အထိ လာရောက် ကောက်ယူခြင်း မရှိပဲ ပုပ်ပွရုပ်ပျက်သည်အထိ ဖြစ်ပေါ်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၆ ရက်နေ့က သွားရောက် ကောက်ယူကာ သင်္ဂြိုလ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အလောင်းရှင်းလင်းမှုကို ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းကာ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...