Nyaung Lay Bin News

Nyaung Lay Bin News

ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာ၌ တပ်စွဲထားသော စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်မှု ဒုတပ်ရင်းမှူး(ယာယီ)နှင့် တပ်ခွဲမှူး တို့ ၂ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁၀

 

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်မှ ဒုတပ်ရင်းမှူး(ယာယီ)နှင့် တပ်ခွဲ မှူးတို့ ၂ ဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းထံမှ သိရသည်။

 

ဩဂုတ်လ ၆ ရက်နေ့က ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကြဲ တိုက် ခိုက်ခဲ့ရာ  အကြမ်းဖက်စစ်တပ်မှ ခမရ ၃၄၉ တပ်ရင်း ယာယီတပ်ရင်းမှူးဖြစ်သူ စစ်ကြောင်းမှူး ဗိုလ် ကြီး သက်ပိုင်ဦးနှင့် တပ်ခွဲမှူး ဗိုလ်ကြီးအာကာလှိုင်တို့ ၂ ဦးသေဆုံးခဲ့ပြီး တပ်သား ၁၀ ဦး ကျော် ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၉) ဒရုန်းတပ်ဖွဲ့၊ ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂) ဒရုန်း တပ် ဖွဲ့နှင့် PDF တပ်ရင်း တောကျီးကန်း ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဆက်လက်ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိစေရန် တောကျီးကန်း စစ်ကြောင်းနှင့် ပူးပေါင်းချေမှုန်းရေးတပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် ဇူလိုင်လ ၂၃ ရက် နံနက် ၅ နာရီအချိန်ခန့်က ရေဖြူကန်ကျေးရွာ အတွင်း ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ပြီး ဒေသနေပြည်သူများ အပေါ် ပေါ်တာဆွဲခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ခရီးသွားပြည်သူများ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်နှောက်ယှက်ခြင်း တို့ လုပ်ဆောင်နေကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြီး ခဲ့သည့် ဇူလိုင်အတွင်းကလည်း လက်နက်ကြီး၊ ဒရုန်းဖြင့် ရမ်းသမ်းပစ်ခတ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၇ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...