Nyaung Lay Bin News

Nyaung Lay Bin News

ညောင်လေးပင်မြို့နယ်ရှိ စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

 

D Day News

ဇွန်လ ၁၉

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Fire Dragon PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၃ နာရီ ၅ မိနစ်အချိန်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် -မဒေါက်လမ်းပိုင်းရှိ တာပြတ် စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNL Aပူးပေါင်းအဖွဲ့ နှင့် အတူ မီးနဂါးစစ်ကြောင်းမှ ရဲဘော်များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကာ ၁ ဦး ပေါင်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ပုဇွန်မြောင်းရွာ ၊ ဆွဲဒလွဲပိုင်း ကျောင်းကြီးဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။

 

ထို့အပြင် ညောင်လေးပင်မြို့နယ် ရေကြည်ချောင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးမှု ထပ်မံရှိနိုင်သော်လည်း အတိအကျ သိရှိရခြင်းမရှိသေးကြောင်း Fire Dragon PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထီးလင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ထီးလင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ - YDF ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက်...